IV

446 59 18
                                    

"ဆယ့်ခြောက် တစ်လီ﹒﹒?"

"ဆယ့်ခြောက်ပေါ့!﹒﹒"

"အေး!﹒﹒ဆယ့်ခြောက် နှစ်လီ﹒﹒"

"Buiကိုလုပ်!﹒﹒"

အားကြီးနဲ့ ဖြေလိုက်ပုံကြောင့် ခုနကတည်းက တက်ချင်နေတဲ့ သွေးတွေ ငါ့နားထင်ကတောင် ပေါက်ထွက်သွားသလိုပဲ။ သောက်ကျိုးနည်း!ဒင်းက အဟုတ်ကြီး ပြုံးနေနိုင်သေးတယ်။

"အိုက်မာ!မင်းသေတော့မယ်﹒﹒နောက်တစ်ခါမပြောဘူး သုံးဆယ့်နှစ်!﹒﹒ပြန်ပြောစမ်း﹒﹒ဆယ့်ခြောက်နှစ်လီ သုံးဆယ့်နှစ်!﹒﹒"

ငါအလယ်က စားပွဲကိုပါ ဆောင့်ကြီးအောင့်ကြီး တဗြန်းဗြန်းရိုက်ချလိုက်တော့ မျက်လုံးလေးပေကလတ်ပေကလတ်နဲ့ မထုံတက်သေးပြန်လာကြည့်နေတယ်။

"သုံး﹒﹒ဆယ့်နှစ်﹒﹒"

"အေး သုံးဆယ့်နှစ်﹒﹒ရပြီလား﹒﹒မသေမချင်း မှတ်သွား မင်းအတန်းထဲမှာ သင်္ချာအတော်ဆုံးဖြစ်စေရမယ် ငါပြောတာယုံ!﹒﹒"

ငါ့စကားကို ယုံချင်သလိုလိုမယုံချင်သလိုလို မျက်နှာပေးနဲ့ ခေါင်းတဆတ်ဆတ်တော့ ညိတ်ပြရှာတယ်။ ဒီတော့မှ ငါသက်ပြင်းကို နာနာချနိုင်ခဲ့တော့တာ။ ကလေးကို ဂျင်းထည့်တယ်ပြောလည်း မတတ်နိုင်ဘူး။

အရေးကြီးတာက ငါဖင်ကျိန်းစရာ အလီတွေ ထပ်မကြားရဖို့ပဲ။

မူလတန်းအရွယ်လေးနဲ့ ငါ့ကို ကြောက်အောင် လန့်အောင် လုပ်နိုင်ခဲ့တဲ့ ရက်စွဲတွေက အဲ့ဒီခွေးလေးရဲ့ သမိုင်းပြက္ခဒိန်မှာ ရှိခဲ့တယ်။

ကြားကြားချင်းငါ့မှာ မယုံနိုင်လို့ ပါးတွေနားတွေတောင် ဆိတ်ယူခဲ့ရတယ်။ ငါ့သူငယ်ချင်းတွေဆိုရင် ရယ်ရမလိုလို ပါးစပ်ကြီးဟပြီး ငုတ်တုတ်မေ့သွားတဲ့ ငါ့ကိုပဲ ခြေမဝိုင်းချိုးပေးရတော့မလိုလိုဖြစ်ကုန်တာ။

ဆယ့်ခြောက်အလီကို ရေလည်ကျွမ်းကျင်ပြီး ဖင်တစ်ပြန်ခေါင်းတစ်ပြန် ရအောင် ရေကျိုသောက်ထားပြီဆိုတဲ့ အတန်းထဲက ဟိုက်ပါကောင်ကတောင် သူ့မျက်မှန်ကြီး တပင့်ပင့်နဲ့ မူလတန်းကလေးတွေ အုပ်လိုက် ဝိုင်းဆိုနေတဲ့ ဆယ့်ခြောက်အလီကို သူ့ကြီးတော်ကြီးပေးတဲ့ အင်္ဂါဂြိုဟ်ပြန် လက်ဆောင်ကြီးလို တအုံနွေးနွေး နားထောင်ပြီး အဖြေထုတ်နေလိုက်တာ။

〝Ai Hma〞Donde viven las historias. Descúbrelo ahora