Part - 1 ( Unicode )

1.6K 120 15
                                    

Part 1

              Accidental Love


" တီ !! တီ !! တီ !! တီ !! "

" ကပ္ပတိန် Park Chanyeol၊ အရေးပေါ်
Mission ရှိလို့ ဌာနာချုပ်ကို ချက်ချင်း
ပြန်လာပါ ၊ ဒီဆက်သွယ်ချက်ကိုကြားတာနဲ့
ချက်ချင်းအကြောင်းပြန်ပါ "

တိကျပြတ်သားလွန်းသည့်အသံဖြင့် ဆက်သွယ်
လာသည့်ဆက်သွယ်ချက်တစ်ခုကို ကားမောင်း
နေရင်း လက်ခံရရှိလိုက်သူက Chanyeol
ပင်ဖြစ်လေတော့သည် ။ လက်မှာဝတ်ထားသည့်
နာရီပေါ်မှ ခလုတ်လေးကိုနှိတ်လိုက်ကာ

" ဆက်သွယ်ချက်ကိုလက်ခံရရှိပါတယ် ၊
နောက်ထပ်တစ်နာရီဆို Metting ခန်းကို
အရောက်လာခဲ့ပါမယ် "

ရုတ်တရက်ပြတ်တောက်သွားသည့် ဆက်သွယ်ချက်
တစ်ခု၏နောက်မှာတော့ မူလဦးတည်ရာလမ်းကြောင်း
ကနေသွေဖယ်လိုက်ပြီး ဆန်ကျင်ဘက်လမ်း
ကြောဆီနေရာယူလိုက်ရသည် ။ ပြီးတာနဲ့ သတ်မှတ်
အရှိန်အတွင်းမှ အမြန်ဆုံးနှုန်းဖြင့်ကားကို
မောင်းနှင်လိုက်ကာ ဌာနချုပ်ဆီဦးတည်လိုက်ရလေ
တော့သည် ။

သေစမ်းကွာ! ! အရေးကြီးတဲ့စစ်ဆင်ရေးတစ်ခုကို
အထူးတပ်ဖွဲ့ရဲ့ခေါင်းဆောင်အနေနဲ့ တာဝန်ယူခဲ့ရပြီး
အဖွဲ့ဝင်အားလုံးအလေအလွင့်မရှိ ထို Mission
ကိုအောင်မြင်ခဲ့တာကြောင့် ကိုယ့်ကိုခွင့်တစ်လပေး
ထားပြီးသားလေ ။ အခုကျတော့ ဆယ့်ငါးရက်တောင်
မပြည့်သေးပဲနဲ့ပြန်ခေါ်တာတဲ့လား ။

* တော်ပြီ တော်ပြီ ငါဒီအလုပ်ကနေထွက်ဖို့
စဉ်းစားသင့်နေပြီ ၊ ဒီပုံစံနဲ့သာဆက်သွားနေရရင်
ငါ့ရဲ့ချောမောပြီးယောကျ်ားပီသတဲ့ရုပ်ရည်လေးကို
ဘယ်မိန်းမလှလေးတွေရဲ့အရှေ့မှာမှ ကြွားခွင့်တောင်
မရှိလိုက်ပဲ စစ်ပွဲတွေကြားမှာအရိုးထုတ်ရမယ့်ကိန်း ။
ဟူးးး စိတ်လေပါတယ်ကွာ *

*
*
*
*
*
*
*
*

" ခွင့်ရက်မပြည့်သေးခင်ပြန်ခေါ်လိုက်ရလို့
အားနာပါတယ် ကပ္ပတိန် Chan ၊ ဒီတစ်ခေါက်
Missionကအရေးကြီးတာမို့ အထက်က
တိုက်ရိုက်အမိန့်ရောက်လာတာကြောင့်ပါ ၊
နောက်ပြီး သိထားရမှာတစ်ခုက အခု Mission ကို
ဒီ Mettingခန်းထဲကိုရောက်နေတဲ့ တာဝန်ရှိ
သူတွေကလွဲရင် စစ်ဆင်ရေးမှာပါဝင်မယ့် အခြား
အဖွဲ့ဝင်တွေကိုတောင် ပေးသိလို့်မရဘူးဆိုတာကို
သေချာမှတ်ထားပေးကြပါ "

Accidental Love ( Uni+Zaw ) Donde viven las historias. Descúbrelo ahora