Part - 9 ( Zawgyi )

343 20 5
                                    

Part - 8

              Accidental Love



* မင်းငါ့အပေါ်မှာ ဘာခံစားချက်မှမရှိဘူးလို့
မှန်မှန်လိမ်စမ်းပါလား Chan ရယ် ၊ အဟက်!
ရီစရာကောင်းတယ့် ငတုံးကောင် *

* ကိုယ်မင်းအပေါ် ဘာခံစားချက်မှမရှိဘူး Baek ၊
အဲဒါက မင်းပြောသလိုပဲ မှန်မှန်လိမ်နေတဲ့စကားပဲ *

ဒီလိုပါပဲ အရာအားလုံးဟာစပြီးပြီဆိုတာနဲ့ အဆုံးသတ်
ရမြဲပဲလေ။ အရူးကောင် ချစ်ခြင်းမေတ္တာကို လျစ်လျူရှု
တဲ့အတွက်မင်းက နောင်တတွေလှလှပပရကိုရသင့်တဲ့
ကောင်။မင်းကိုနောင်တရဖို့အတွက် အသိတရားဝင်ဖို့
အတွက်ဆိုရင်ငါက ငါ့အသက်နဲ့တောင်လောင်းကြေး
ထပ်ပြမယ်စောင့်ကြည်။ ဒါက မရိုးသားတဲ့မင်းကို
ငါပေးမယ့်အပြစ်ဒဏ် ။

*
*
*
*
*
*
*
*

" Prince Baekhyun မျက်နှာက ပြုံးမလိုလိုနဲ့
တည်တယ်နော် ၊ မင်းကိုတောင် ပြုံးပြမသွားဘူး
ငါစိတ်ထဲထင်နေတာ မင်းတို့က အာဖဂန်မှာ
လတော်တော်များများအတူနေခဲ့ရတာဆိုတော့
အများကြီးရင်းနှီးမယ်ထင်နေတာ ၊ အခုကြည့်ရတာ
ကြတော့လည်း တကယ့်သူစိမ်းတွေကျနေတာပဲ
မင်းသားက မာနကြီးတာနေမယ် မျက်နှာကတည်တင်း
နေလေရောပဲ

Kai ရဲ့စကားတွေကိုကြားနေရပေမယ့် Chan မှာ
စိတ်နဲ့ကိုယ်မကပ်နိုင်သေးချေ။ တော်ဝင်နန်းတော်မှာ
စတင်ပြီးတာဝန်ထမ်းဆောင်နေပြီဖြစ်တဲ့မင်းသားက
ဒီနေ့တော့ Chan တို့ဌာနချုပ်ကိုလာရောက်စစ်ဆေး
ခြင်းဖြစ်သည်။ အာဖဂန်ကနေပြန်ရောက်ပြီးထဲက
Chan ကိုမူလတာဝန်ဖြစ်သော အထူးကွန်မဒိုတပ်ဖွဲ့
ကို ဦးဆောင်ခဲ့ရသူကပ္ပတိန်အဖြစ် ပြန်လည်တာဝန်
ပေးအပ်ခဲ့လေသည်။ အစကတော့ ကိုရီးယားကို
ပြန်ရောက်ရင်လည်း မင်းသားရဲ့သက်တော်စောင့်တာဝန်ပဲ
ဆက်လက်ပြီး ထမ်းဆောင်ရမယ်လို့တွေးထားပေမယ့်
ထင်သလိုဖြစ်မလာတာကြောင့် အံ့သြကာစိတ်မကောင်း
ဖြစ်ခဲ့ရသေးသည်။

မင်းသားကတော့ အာဖဂန်မှာနေခဲ့စဉ်ကသူနဲ့ကိုယ့်ကြား
ထဲက ကောင်းမွန်ခဲ့သောဆက်ဆံရေးတစ်ချို့ကို
လုံးဝမေ့ပြစ်လိုက်ပုံရလေသည်။ဒီနေ့ဌာနချုပ်ကိုလာတဲ့
အချိန် ကိုယ့်ကိုကြည့်တဲ့မျက်ဝန်းတွေက လုံးဝကို
အစိမ်းသက်သက်။ အဆင်မပြေနိုင်ဘူးလို့ထင်တဲ့
ဆက်ဆံရေးကို ရှေ့ဆက်မတိုးရဲခဲ့တာကလွဲရင်
ကိုယ်အပေါ် မင်းသားထံကနေဒီလောက်စိမ်းကားမှု
မျိုးကိုလက်မခံချင်။အနည်းဆုံးတော့ ကိုယ်တို့ကြားထဲက
သံယောဇဉ်ဟာ အတုအယောင်မဟုတ်ခဲ့ဘူးလေ။

Accidental Love ( Uni+Zaw ) Where stories live. Discover now