Part - 17 ( Zaw)

123 7 0
                                    

Part - 17


" မောင်ရှိတယ်နော် ချစ် ။ မောင်ရှိနေလို့ မကြောက်လဲရတယ်။ ချစ်ရောမောင်ပါ အကောင်းဆုံးရင်ဆိုင်နိုင်မှာမို့ ဘာမှကြောက်စရာမလိုဘူး ၊ မောင်ပြောတာကိုယုံ "

Chan နှုတ်ဖျားမှထွက် မောင်ဆိုသည့်နာမ်စားကြောင့် Baekတစ်ယောက် အရာအားလုံးကိုမမြင်နိုင်လောက်အောင်ပင် ကြည်နူးချမ်းမြေ့မှုကိုခံစားလိုက်ရတော့၏။

*
*
*
*
*
*
*
*

" ပထမဆုံးမေးချင်တာက အခုထွက်ပေါ်နေတဲ့သတင်းတွေက အမှန်လား ဒါမှမဟုတ် အိမ်ရှေ့စံနဲ့ ကပ္ပတိန်တို့အနေနဲ့ ငြင်းဆန်ချင်ပါသလား "

သတင်းထောက်တစ်ယောက်၏ ပထမဆုံးမေးလာသည့်မေးခွန်းကို အခြားသတင်းထောက်အားလုံးသည် စိတ်ဝင်စားစွာဖြင့် ငြိမ်သက်စွာနားထောင်နေကြ၏။ ဒါက အားလုံးသိချင်နေသော အရေးကြီးမေးခွန်းမဟုတ်ပါလား။

Chan သည် ချစ်သူ၏မျက်နှာကို တစ်ချက်အကဲခတ်လိုက် ၏။ အရာအားလုံးကို ရင်ဆိုင်ဖို့အသင့်ရှိနေတယ်ဆိုတာက ကြုံတွေ့နေရသည့်အခြေအနေတွေကို ဂရုမစိုက်တာမျိုးမဟုတ်ဘူးလေ။ အနည်းနှင့်အများ ဖိအားရှိနေတာပါပဲ။ မေးခွန်းကိုချက်ချင်းပြန်ဖြေဖို့အားယူနေသော ချစ်ရသူ၏မျက်နှာကိုတစ်ချက်ကြည့်လိုက်ပြီးမှ ရှေ့မှာရှိနေသောသတင်းထောက်တွေဆီပြန်ကြည့်လိုက်သည်။ မိုက်ကို ကိုယ့်နှင့်အနီးဆုံးကိုဆွဲယူလိုက်ပြီးမှ ကြည်လင်ပြတ်သားစွာဖြင့် အဖြေစကားဆိုလိုက်၏။

" အခုလက်တလော ပြည်သူလူထုကြားထဲမှာ မြင့်တက်နေတဲ့ သတင်းနဲ့ကောလဟာလတွေထဲမှာ သတင်းမှန်တွေရှိသလို သတင်းမှားတွေလဲပါနေပါတယ် "

" ဘယ်အရာက သတင်းမှန်ဖြစ်မလဲဆိုတာ ပြောပြပေးပါ "

နောက်ထပ်မေးလာသည့် သတင်းထောက်တစ်ဦး၏ အမေးစကား။ ဒီတစ်ခါလည်း Chan ပဲပြန်ဖြေလိုက်သည်။

" အိမ်ရှေ့စံနဲ့ကျွန်တော် တွဲနေတယ်ဆိုတဲ့သတင်းက အမှန်တရားပါပဲ "

အဓိကကျသောအဖြေစကားကြောင့် အခန်းအတွင်း ဝေါခနဲနေအောင် အာမေဋိတ်သံများထွက်လာရတော့၏။ အသံများသည်အချိန်အတော်ကြာအောင်ရှိနေပြီးမှ တစ်ဖန်ပြန်ပြီးတိတ်ဆိတ်သွားရလေသည်။

Accidental Love ( Uni+Zaw ) Tahanan ng mga kuwento. Tumuklas ngayon