Part - 3 ( Unicode )

902 95 2
                                    

Part 3

              Accidental Love

" ကပ္ပတိန် Chanyeol ဟုတ်ပါလေစ "

လှမ်းမေးလိုက်သည့်အသံကြောင့် လှည့်ကြည့်လာသည့်
သူက ကိုယ့်ကိုမြင်တာနဲ့ မရီမပြုံးမျက်နှာနှင့်
အသိအမှတ်ပြုသလိုခေါင်းညှိမ့်ပြလာကာ

" ဟုတ်ပါတယ် မင်းသား "

ချေမိုးနေသည့်မျက်နှာနှင့် ခပ်တည်တည်တုန့်ပြန်လာ
သောစကားရဲ့အဆုံး Baekhyun တစ်ယောက်
ထိုအနှီးလူသားအပေါ် အသဲတွေပေါက်ပြီး
အမြင်တွေကပ်လာရလေတော့သည် ။

* တယ်လေ !! ငါလိုမင်းသားတစ်ယောက်ကို
လာပြီးချေမိုးပြနေတယ် ၊ သောက်သဲတွေပေါက်
တယ်နော် *

*
*
*
*
*
*
*
*

" ကျွန်တော့်ကို တကယ်မမြင်တာလား ၊ ဒါမှမဟုတ်
မမြင်မတွေ့ချင်လို့ သက်သက်မဲ့ကို မမြင်သလို
ရှောင်ထွက်သွားတာလား "

ထိုစကားကိုလွှတ်ကနဲမေးလိုက်ပြီးကာမှ Baek
တစ်ယောက် ကိုယ်ပါးစပ်ကိုကိုယ်ပြန်ပြီး
ဘရိတ်အုပ်လိုက်ရသည် ။ မသိရင်စိတ်ကောက်
နေတဲ့ရည်စားကိုမေးနေတဲ့ပုံစံကြီး ။
ကိုယ်ကျိုးနည်း ငါဘာတွေတွေးနေမိတာတုန်းလို့
တွေးလိုက်မိသည် ။

" ကျွန်တော်တကယ်မမြင်လိုက်တာပါ ၊ မင်းသား
ဒီမှာထိုင်နေတာကိုသာ ကျွန်တော်မြင်မိတာသေချာရင်
ဘယ်လိုသတ္တိမျိုးနဲ့ရှောင်ထွက်သွားရဲပါ့မလဲ "

တဖက်ကအေးရာအေးကြောင်းနဲ့ သက်တောင့်
သက်သာပြန်ဖြေလာသည့်စကားကိုကြားပြီးတာနဲ့
တပြိုင်ထဲ Baek ကတော့ စိတ်ကူးထဲမှာ
ဒုတိယံပိ ကိုယ်နှာဖူးကိုယ်ပြန်ရိုက်နေမိတော့သည်။
ချေနေလိုက်စမ်းဟ ကပ္ပတိန်Chanyeol ရေ။

* ကျွန်တော်တကယ်မမြင်လိုက်တာပါ * တဲ့ ။
ဘယ်လိုမျိုးကိုယ်ကျိုးနဲ အဖြေစကားကြီးတုန်း။
သူက ကိုယ့်ကိုမမြင်ဘဲ ကိုယ်ကသာ အားအား
ယားယားသူ့ကိုလိုက်ကြည့်နေမိသည့်လူကြီးလိုလို
ဖြစ်သွားရလေသည် ။ Baekhyun ဆိုတဲ့ကိုယ့်က
ရောက်လေရာကလူအများကြားထဲမှာ အရှိန်အဝါ
တစ်မျိုးနဲ့တောက်ပပြီး ဘယ်သူမဆိုသတိထားမိခံရ
တဲ့သူပါ ။ အဲလိုကြောင့်ပဲ လူအများကြီးကြားထဲမှာ
ကိုယ့်တစ်ယောက်ထဲကိုရွေးပြီး ပြန်ပေးဆွဲခံလိုက်
ရတာပေါ့ ။ တိန်!!!! တစ်ယောက်ထဲ တွေးချင်ရာ
တွေးပြီးတာနဲ့ ကိုယ့်ဟန်ကိုဖို့ပြန်ထိန်းလိုက်ကာ

Accidental Love ( Uni+Zaw ) Where stories live. Discover now