Part - 4 ( Unicode )

831 94 5
                                    

Part 4

              Accidental Love

" ဟေ့ကောင် ဒါကဘယ်လဲ "

ကိုယ့်ဂုတ်စပ်ကအကျႌစကိုဆွဲထားသည့် Kai ရဲ့
လက်တွေကြောင့် ကိုယ်ပြေးနေတာက အရှေ့ကို
မရောက်ဘဲ ယက်ကန်ယက်ကန်ဖြစ်နေရသေးသည်။
Kia လက်တွေကို အတင်းဆွဲဖယ်လိုက်ရင်း

" သွားငြင်းမလို့ဟေ့ သွားငြင်းမလို့ကွ! ချီးမို့ငါက
ကလေးထိန်းလုပ်ရမှာလား ၊ ရူးသွားတာကမှ
အဆင်ပြေဦးမယ် "

" ဟ ဟေ့ကောင့် Chan! Park Chanyeol !"

ပြောပြီးတာနဲ့ Kai လက်ထဲကနေလွတ်အောင်
ရုန်းထွက်ရင်း ဌာနချုပ်ရှိရာဆီခြေကုန်သုတ်ရလေ
တော့၏ ။ နောက်ပါးဆီမှာတော့ Kai အသံက
ကျယ်လောင်စွာကြားနေရဆဲပါ။

ဘာပဲပြောပြော ကျွန်တော်မျိုး Chanyeol အသက်နဲ့
ရင်းရသည့် စစ်ပွဲတွေထဲကိုပဲပျော်ပျော်ကြီး သွားပါရစေ။
ကလေးလိုလို! ! အင်း အဲကလေးလိုလိုမင်းသား
နောက်ကို တကောက်ကောက်လျှောက်လိုက်နေရတဲ့
သက်တော်စောင့်ဘဝနဲ့တော့ မနေပါရစေနဲ့ဗျာ။
ကျွန်တော်ရူးသွားရပါလိမ့်မယ် ။

*
*
*
*
*
*
*
*

" ဘာလို့ငြင်းချင်တာလဲ "

ဒုဗှိုလ်မှူးကြီး Suho ထံမှ မေးလာသည့်စကားကြောင့်
Chan ရဲ့ စိတ်ထဲမှာရှိနေသည့် အဖြေစကားများသည်
လည်ချောင်းဝတွင်တစ်ဆို့ဆို့ဖြစ်လာကာ ချက်ချင်း
ပြန်မဖြေနိုင်ဖြစ်နေရသေးသည် ။ စိတ်ထဲရှိနေသည့်
အတိုင်းသာဖြေချလိုက်ရရင် ဒုဗိုလ်မှူးကြီးက
ကိုယ့်ကို နားရင်းပင်ထရိုက်လောက်၏ ။

* ကလေးစိတ်မပျောက်သေးသည့် တော်ဝင်မင်းသား
နောက်ကိုလိုက်ပြီး သက်တော်စောင့်လုပ်မည့်အစား
ကျွန်တော် တောထဲမှာရှိနေသည့် ခင်္သြေ့တွေရဲ့အရှေ့မှာ
သွားထိုင်ပြီး သူတို့ရဲ့ နှုတ်ခမ်းမွှေးတွေကိုသာ
ထိုင်ပြီးရေတွက်နေလိုက်ချင်ပါတယ် * လို့ဖြေချလိုက်
ရရင်တော့ဘာပြောကောင်းမလဲ အလုပ်ခန့်စာနှင့်
အလုပ်ဖြုတ်စာ တပြိုင်ထဲထုတ်ပေးလာနိုင်သည်။

" နန်းတော်ထဲမှာငြိမ်ပြီးနေရတဲ့အလုပ်တွေထက်စာရင်
အထူး Mission တွေသွားနေရတာကိုပိုပြီး
သဘောကျလို့ပါ "

Accidental Love ( Uni+Zaw ) Where stories live. Discover now