Part - 11 (Unicode)

729 68 5
                                    

Part - 11

            
              Accidental Love

မသိတော့ပါဘူး ဖြစ်နိုင်ရင် ဒီညလေးကိုတစ်ကမ္ဘာ
လောက်သာရှည်ကြာစေချင်မိတော့သည်။ Chan
ရင်ခွင်ထဲမှာ ခေါင်းတိုးဖွက်ထားသည့် ငွေမင်ရောင်
ဆံနွယ်ပိုင်ရှင်လေးကတော့ နှုတ်ခမ်းတွေးကွေးတက်
သွားအောင်ပြုံးနေလိုက်ရင်းတစ်စုံတစ်ယောက်ရဲ့
ရင်ခွင်ထဲကို ရသလောက်တိုးဝင်နေမိလေတော့သည်။

*
*
*
*
*
*
*
*

နွေးထွေးသည့်နေရောင်ခြည်က အခန်းအတွင်း
ဝင်ရောက်လာသည်။အိပ်ယာကနိုးနေပေမယ့်
ကိုယ့်ကိုသိုင်းဖက်ထားပေးသည့်လက်စုံရဲ့
အနွေးဓာတ်ကိုမက်မောတာကြောင့် ဒီတိုင်းငြိမ်နေ
လိုက်မိသည်။ Chanက သူ့ရဲ့လက်မောင်းတစ်ဖက်ကို
ကိုယ်ခေါင်းအုံးဖို့်အတွက်ပေးထားသလို ထိုလက်နဲ့ပဲ
ကိုယ့်ကျောပြင်ကိုပြန်ပြီးသိုင်းဖက်ထားပေး၏ ။
ကျန်နေတဲ့လက်တစ်ဖက်ကတော့ ကိုယ့်ရဲ့ခါးတွေဆီကို
သိုင်းဖက်ထား၏။လက်နှစ်ဖက်နဲ့သိုင်းဖက်တာကို
ခံထားရတာမို့ ကိုယ့်တစ်ကိုယ်လုံးက သူ့ရင်ခွင်ထဲမှာ
နစ်မြုပ်နေရလေသည်။

အရပ်အမောင်းကွာခြားမှုကြောင့် ကိုယ့်မျက်နှာက
သူ့ရင်ခွင်ထဲမှာရှိနေရလေသည်။တစ်ညလုံးအိပ်နေသည့်
ထိုအမျိုးသားထံမှရသောရနံ့သည် မနှစ်မြို့ချင်စရာမျိုး
လုံးဝရှိမနေချေ။ ယောကျ်ားပီသမှုကိုဖော်ညွှန်းသည့်
ရနံ့နှင့် သင်းပျံ့သောအမျိုးသားသုံးအကောင်းစား
ရေမွှေး၏အနံ့လေးက အချိုးကျရောစပ်ထားသည့်
လက်ဆက်သောကိုယ်သင်းနံ့ကို တဝကြီးရှူရှိုက်ခွင့်
ရသည့်မနက်ခင်းသည် အဖိုးတန်လွန်းလှသည်။
ကိုယ့်လက်တစ်ဖက်နဲ့ သူ့ခါးတွေကိုပြန်ဖက်လိုက်သည့်
အခါ အိပ်နေသူကနိုးသွားပုံရလေသည်။ကိုယ့်ကို
ငုံကြည့်လာကာ

" Sorry ကိုယ်အကြာကြီး အိပ်ပျော်သွားတယ်
ထင်တယ်"

ပြောပြီးတာနဲ့ အိပ်နေရာကနေထဖို့ပြင်နေသူကို
ပိုတိုးဖက်လိုက်ရင်း

" မထနဲ့ဦး ဒီလိုပဲခဏနေချင်လို့ "

" ဟိုလေ အခြားသူတွေမြင်သွားရင်မကောင်းဘူး
ထင်တယ် Baek အတွက် "

Accidental Love ( Uni+Zaw ) Where stories live. Discover now