Part - 7 ( Unicode )

753 80 2
                                    

Accidental Love


" ကျွန်တော်တို့နှစ်ယောက်ကြားမှာ မတူညီမှုတွေ
အများကြီးပဲChan ၊ မွေးဖွားလာရတဲ့ အသိုင်းအဝိုင်း
မတူဘူး ၊ကျင်လည်ရတဲ့ပတ်ဝန်းကျင်မတူဘူး ၊
သင်ယူခဲ့ရတဲ့ ဘာသာရပ်တွေလည်းမတူဘူး ၊
အသက်မွေးဝမ်းကျောင်းအလုပ်တွေမတူဘူး
ပိုဆိုးတာက အလုပ်နဲ့ပတ်သက်ပြီး အဲအလုပ်အပေါ်
မှာထားရတဲ့စိတ်ခံစားချက်တွေမတူဘူး ၊ အဲလောက်
များတဲ့မတူတာတွေကို အချိန်ယူပြီးညှိကြည့်
ရအောင်လေ နော် ၊ မတူတာတွေအတွက်
စကားတွေအများကြီးပြောကြည့်ကျမယ် ၊ နောက်ပြီး
မတူတာတွေအများကြီးကြားထဲကနေ တူတာတွေကို
ဆွဲထုတ်ကြည့်ကျမယ်၊ အဲလိုတွေလုပ်ဖို့ အချိန်တွေ
အများကြီးရှိပါတယ်၊ ဖြေးဖြေးချင်းကြိုးစားကျတာပေါ့၊
ကဲ အခုတော့ ကျွန်တော်ကဗိုက်ပြည့်နေလို့
ညစာပြင်ပေးထားမယ် Chan က ရေအရင်ချိုးလိုက်ပါ"

နောက်ဆုံးတော့ အခန်းအတွင်းပြန်လည်တိတ်ဆိတ်
သွားရတော့၏ ။ မတူညီမှုတွေအများကြီးနဲ့
လူသားနှစ်ယောက်ကြားထဲ တူညီမှုတွေကိုရှာဖို့က
ထင်သလောက်တော့ လွယ်ကူမနေပါ။

*
*
*
*
*
*
*
*

Baek တာဝန်ပြီးဆုံးဖို့ ငါးရက်အလိုတွင်ဖြစ်
လေသည်။

" Chan ! ကျွန်တော် ဒီကနေတာဝန်တွေပြီး
သွားရင် နန်းတော်ထဲကိုပြန်သင့်လားဟင် "

နှစ်ယောက်သားအတူထိုင်နေရင်းကနေ Baek က
မေးလာသည့်စကားကြောင့် Chan ချက်ချင်းပဲ
ခေါင်းညှိမ့်ပြလိုက်မိတော့သည်။

" Chan! ! ကျွန်တော် မေးတာကိုမကြားဘူးလား "

အတူယှဉ်တွဲပြီး ထိုင်နေရင်းမှသည် ပခုံးချင်းတိုက်ပြီး
Baek ဆီကနေ နောက်တစ်ကြိမ်ထပ်မေးလာသည့်
အမေးစကားကြောင့် ထိုလူသားလေးကို လှည့်ကြည့်
လိုက်ရင်း

" ကျွန်တော် ခေါင်းညှိမ့်ပြနေတယ်လေ Baek ရယ် "

" ဟား! ! Chan ကရီစရာတွေလာပြောနေပြန်ပြီ"

ပြောရင်းနဲ့ သဘောကျစွာရီနေသူကို နားမလည်သလို
လှည့်ကြည့်မိပြန်တယ်။ ထိုသူကတော့ တစ်ကိုယ်လုံး
သိမ့်သိမ့်ခါနေသည့်အထိရယ်မောမဆုံးဖြစ်နေတော့သည်။
ကိုယ်ပြောတဲ့အထဲမှာ ဘာတွေများရီစရာပါသွားလို့လဲ။

Accidental Love ( Uni+Zaw ) Where stories live. Discover now