Part - 8 ( Unicode )

689 66 7
                                    

Part - 8

              Accidental Love

❗( ဤအပိုင်းသည် Baekhyun POV သာဖြစ်သည်။ )

ထိုနေ့ကပေါ့ ပန်းခြံထဲလမ်းပျောက်နေသည့်
ကောင်လေးလက်ကိုဆွဲပြီး သူ့အဖိုးဆီပြန်အပ်ပေးခဲ့
ဖူးသည်။ ပါးပါးဆီကနေ ထိုကလေးနာမည်ကို
တိုးတိုးလေးမေးကြည့်တော့ Park Chanyeol
တဲ့လေ။

ဒီလိုနဲ့ပဲ လူသားနှစ်ယောက်စတင်တွေ့ဆုံခဲ့ဖူးတာကို
Baek ကတော့အသေအချာမှတ်မိနေလေ၏ ။


*
*
*
*
*
*
*
*

ရာသီတွေအလီလီပြောင်းခဲ့ပြီး အချိန်တွေကလည်း
မသိလိုက်မသိဘာသာဖြင့် ကုန်လွင်သွားခဲ့လေပြီ။
အသက်တစ်နှစ်ကြီးလာသည့်အခါတိုင်း ငယ်စဉ်
ကလေးဘဝ၏ပုံရိပ်များသည် တဖြေးဖြေးဝေဝါးလာ
ရကာ ဆေးရောင်တစ်ဝက်တစ်ပျက်သာ ထင်ကျန်နေ
ခဲ့သော ဟောင်းနွမ်းနေပြီးသောပန်ချီကားတစ်ချက်
ကဲ့သို့သာရှိနေတော့သည်။

အတိတ်တွေကပိုပြီးမှေးမှိန်လာပြီ အနာဂါတ်တွေက
ကတော့ ပိုမိုတောက်ပလာနေလေသည်။
ငယ်စဉ်ကဆုံတွေ့ခဲ့ရသောကလေးငယ်တစ်ဦးကို
Baek အတွေးထဲဝင် ထင်ထင်ရှားရှားပုံဖော်ကြည့်၍
မရတော့ချေ။ကိုယ်မသိဘူး မိနစ်ပိုင်းခဏလေးဆုံတွေ့
ခဲ့ရသည့်ထိုကောင်လေးကို ဘာကြောင့်များရံဖန်ရံခါ
မှာသတိရနေမိလဲဆိုသည့်အတွေးကိုပေါ့။

" ပါး အလုပ်မအားတာလား "

ခါတိုင်းလိုပဲ ပါးနဲ့ဖုန်းပြောရမယ့်အချိန်မှာ ပါးဆီကို
ဖုန်းဆက်ပေမယ့် တဖက်ကအလုပ်ရှုပ်နေတဲ့ပုံစံကြောင့်
စိတ်တိုလာက မေးလိုက်မိခြင်းဖြစ်သည်။ ပါးကတော့
ကိုယ်စိတ်တိုပြီးမေးလိုက်တာကို မသိတာကြောင့်
ခပ်အေးအေးလေသံနှင့်ပင်

" ပါး ဂုဏ်ပြုပွဲတစ်ခုသွားစရာရှိလို့ သား "

" သားက ပါးနဲ့မတွေ့ရတာ ကြာနေပြီနော် ၊
ပါးမျက်နှာကိုတောင်မေ့နေပြီ ၊ ဒါတောင်ပါးကသားကို
ပစ်ထားတုန်း ဖုန်းပြောဖို့အတွက်တောင်
အချိန်လေးဖယ်မထားဘူး  "

စကားနာထိုးလိုက်တော့မှ ပါးကကိုယ်စိတ်တိုနေမှန်း
သိသွားကာ တဟားဟားနဲ့အော်ပြီရီလေတော့သည်။
ပြီးကာမှ

Accidental Love ( Uni+Zaw ) Where stories live. Discover now