Part - 6 ( Zawgyi )

278 17 0
                                    

Part - 6

              Accidental Love

ဒီအခိုက်အတန့်ကို တကယ်မြတ်နိုးမိလေ၏ ။
Chan ၏ပခုံးဆီကို ကိုယ့်ရဲ့မေးစေ့တင်ထားလိုက်ပြီး
Chan ရဲ့လည်တိုင်တွေဘက်ကို ကိုယ့်မျက်နှာအပ်ထား
လိုက်၏ ။ ကိုယ့်ရဲ့ဝင်သက်ထွက်သက်နွေးနွေးကို
မင်းခံစားမိပါစေ။ မင်းရဲ့ကိုယ်သင်းရနံ့တို့ကိုလည်း
ကိုယ်က အခုအချိန်မှာတော့ ခဏတော့အပိုင်စားရပါစေ ။

Baek မသိလိုက်တာတစ်ခုကတော့ Chan ကလည်း
Baek ၏အပြုံးနှင့်တူညီသောအပြုံးတစ်ခုကို
ကျေနပ်စွာ ပြုံးနေသည်ဆိုတာပါပဲ ။
အခုအချိန်မှာလျှောက်နေသော လမ်းတို့သည်
လိုတာထက်ပိုပြီး ရှည်ကြပါစေခြင်းမလို့ငှါ
လျှောက်လှမ်းနေသောခြေလှမ်းတို့်ကို
နှေးလိုက်မိတော့၏။ကိုယ်နောက်ကျောကနေ
ကြားနေရသည့် တဂွီးဂွီးအော်သံတွေကို
လျစ်လျူရှု လို့ပေါ့ ။


*
*
*
*
*
*
*
*

" Chan!! အပြင်ကဧည့်ခန်းထဲမှာမအိပ်ပါ
နဲ့လား ၊ ဒီမှာလာအိပ်လေ "

" ရပါတယ် ကျွန်တော်အဆင်ပြေတယ် "

" လာခဲ့ပါ Chan ရယ် ၊ ကုတင်ပေါ်မှာ
မအိပ်ချင်ရင် Chan အပြင်မှာအိပ်သလိုမျိုး
ကုတင်ဘေးမှာအိပ်ယာခင်းအိပ်ပေါ့ ၊ ညကျရင်
ကျွန်တော်တို့ စကားလေးဘာလေးပြောကျမယ်လေ
လာအိပ်နော် "

ညအိပ်ခါနီးမှာ မင်းသားကပြောလာသည့်
စကားကြောင့် Chan တစ်ယောက် အပြင်က
အခန်းအလွတ်မှာ မအိပ်တော့ဘဲ မင်းသားရဲ့
အခန်းထဲမှာဝင်အိပ်ဖြစ်လေသည် ။ တစ်ယောက်အိပ်
ကုတင်ကျဉ်းကျဉ်းလေးဘေးမှာ အိပ်ယာခင်းပြီး
အိပ်နေသော်လဲ လူကအိပ်မပျော်နိုင်သေးပါ။
ကုတင်ကျဉ်းကျဉ်းလေးရဲ့အပေါ်မှာရှိနေသည့်
မင်းသားကလဲ အိပ်ပျော်ပုံမရပေ ။

အဆောင်၏အပြင်ဘက်ဆီမှ ပိုးကောင်ငယ်လေး
တွေ၏ အော်မြည်သံကိုကြားနေရ၏ ။
တိတ်ဆိတ်ခြင်းသည် လိုအပ်တာထက်ပိုပြီး
နေရာယူနေလေသည် ။

" ဟူး! !"

သက်ပြင်းချသံသဲ့သဲ့ကြောင့် ကုတင်ပေါ်သို့လှမ်းကြည့်
လိုက်သည့်အချိန် ကိုယ်ရှိသည့်ဘက်ကို ကျောခိုင်း
အိပ်နေသည့်မင်းသားက ကိုယ်နှင့်မျက်နှာချင်းဆိုင်
ဖြစ်အောင်နေရာပြောင်းလိုက်သည် ။ သူ့ကို
ငေးကြည့်နေမိသောChan ရဲ့မျက်ဝန်းတွေကို
တွေ့သွားလေသောအခါ

Accidental Love ( Uni+Zaw ) Where stories live. Discover now