Part - 14 ( Unicode)

878 81 13
                                    

Part - 14


အမျိုးသမီးတစ်ယောက်ရဲ့လက်မျိုးမဟုတ်တာကို မြင်တာနဲ့
သိနေနိုင်တာကြောင့် Post တက်လာသည့်အချိန်ခဏ
အတွင်းမှာပင် တိုင်းပြည်အတွင်းရှိသတင်းသမားများနှင့်
အခြားသူများသည် မင်းသားရဲ့လက်တစ်ဖက်ကို
ရဲဝံ့ပိုင်နိုင်စွာဆုပ်ကိုင်ထားတဲ့ ဘယ်သူမှန်းမသိသေးသည့်
နောက်ကွယ်ကလူကို အသဲအသန်ရှာဖွေကျလေတော့သည်။


*
*
*
*
*
*
*
*

" လက်တလောမှာ ပြည်သူတွေစိတ်ဝင်စားမှုမြင့်တက်နေရတဲ့
သတင်းအကြောင်းအရာကတော့ Prince Baekhyun
ရဲ့ အကြောင်းပဲဖြစ်ပါတယ် ၊ မင်းသားက Baekhyun ဆိုတဲ့အမည်နဲ့ဖွင့်ထားတဲ့ Instagram  အကောင့်ရှိနေပြီး
ထိုအကောင့်ကနေပြီ သူလုပ်ခဲ့တဲ့လူမှုရေးလုပ်ငန်းတွေကို ပြည်သူလူထုဆီ အမြဲတမ်းမျှဝေလေ့ရှိပါတယ်။ ဒါပေမဲ့ ပြီးခဲ့ရက်အတွင်း မင်းသားရဲ့အကောင့်ကနေပြီး ပြည်သူတွေစိတ်ဝင်စားမှုမြင့်တက်လာစေမယ့် Post တစ်ခုကို တင်ခဲ့ပါတယ်။  တော်ဝင်သွေးသားဖြစ်တဲ့ မင်းသားမင်းသမီးတွေသာဝတ်ဆင်ခွင့်ရှိတဲ့ တော်ဝင်လက်စွပ်တစ်ကွင်းကိုဆင်မြန်းထားတဲ့လက်တစ်ဖက်နဲ့အတူ ထိုလက်ကိုဆုပ်ကိုင်ထားတဲ့ အခြားလက်တစ်ဖက်ကိုပါ ဓာတ်ပုံရိုက်ထားပြီးPost တင်ခဲ့တာပါ ၊ကျန်လက်တစ်ဖက်ရဲ့ လက်ခလယ်မှာတော့ စာလုံးလေးတွေထွင်းထုထားသည့် ရွှေဖြူလက်စွပ်မောင်းကွင်းလေးကို ဝတ်ဆင်ထားတာကိုလဲ သတင်းသမားတွေနဲ့ပြည်သူလူထုက ရှာဖွေတွေ့ရှိခဲ့ပါတယ် ၊ လူအများကတော့ ဒါဟာမင်းသားရဲ့အချစ်ရေးအကြောင်းကို ပြည်သူဆီ သွယ်ဝိုက်ချပြလာခြင်းဖြစ်တယ်လို့ သုံးသပ်
နေကျပါတယ် ၊ သတင်းဝေဖန်ရေးသမားတွေကတော့ ဒီရက်ပိုင်းထဲမှာ အတည်ပြုဖို့ရှိနေတဲ့  Prince Baekhyun ရဲ့ တော်ဝင်အိမ်ရှေ့စံမိဖုရားရွေးချယ်တင်မြှောက်ပွဲနဲ့ ပတ်သက်နေနိုင်ပြီး ယခုပြသထားတဲ့လက်ပိုင်ရှင်ဟာ အမျိုးသမီးတစ်ယောက်ရဲ့ လက်အနေအထားမဟုတ်ဘူးဆိုတာကိုလဲ ထောက်ပြထားပါတယ် ၊ စိတ်ဝင်စားစရာကောင်းလှတဲ့ မင်းသား ရဲ့အချစ်ရေးနဲ့ပတ်သက်ပြီး တော်ဝင်သတင်းပြန်ကြားရေးဌာနကတော့ အခုချိန်ထိ ဘာမှသတင်းမှ ထုတ်ပြန်လာခြင်းမရှိသလို မင်းသားဘက်ကလဲ ဘာဖြေရှင်းချက်မှပေးလာတာမျိုးမရှိသေးပါဘူး ၊ သတင်းသမားမျာအနေနဲ့တော့ သဲလွန်စရထားတဲ့လက်စွပ်ပိုင်ရှင်ကို ဆက်လက်ရှာဖွေမှုတွေပြုလုပ်နေကျပါတယ် "


Accidental Love ( Uni+Zaw ) Where stories live. Discover now