Part - 12 ( Zawgyi )

270 12 0
                                    

Part - 12


ကိုယ်ခန္ဓာကိုယ်အပေါ်မှာရှိနေသူလေးက ဘာစကားမှ
ုပြန်ပြောမလာပါ။တသိမ့်သိမ့်တုန်နေရှာသည့်
ကိုယ်သေးသေးလေးရယ်Chan ရင်ဘက်ပေါ်
ကျဆင်းလာသည်မျက်ရည်စတွေရယ်။
နောင်များမှာ မင်းကိုအမြဲပျော်ရွှင်အောင်ထားပါမယ်
မောင့်သဲငယ်ရယ်။ ချစ်တယ်။


*
*
*
*
*
*
*
*

ချစ်ခင်စနေ့ရက်များသည် ပျားရည်ဆမ်းထားသော
ချိုမြိန်ဖွယ်နေ့ရက်တွေပင်ဖြစ်လေသည်။
တာဝန်တွေများစွာရှိနေသည့် Chan ကလည်း
အချိန်ရတာနဲ့ ချစ်ရသူထံအပြေးသွားပြီးတွေ့တက်မြဲ။
အခြားသူတွေမရိပ်မိအောင် ချိန်းတွေ့ကျသည့်နေရာက
Baek ရဲ့နန်းဆောင်ပင်ဖြစ်သည်။

တဏှာရမ္မက်မဆန်သည့် နူးညံ့သောချစ်ခြင်းများဖြင့်
တစ်ယောက်နှင့်တစ်ယောက်ထွေးပွေ့ကာအိပ်စက်ရခြင်း
သည်ပင်လျှင် နှစ်ယောက်စလုံးအတွက်ပျော်ရွှင်ရသည့်
အခိုက်အတန့်ဖြစ်လေသည်။

" Chan ဒီနေ့ ဘာလုပ်စရာရှိလဲ "

" ပုံမှန်အတိုင်းပါပဲ လေ့ကျင့်ရေးရှိတယ် ၊ ပြီးရင်
ဌာနချုပ်ကိုသွားရမယ် ၊ အဲလောက်ပဲ ၊ Baek က
ဘာကိစ္စရှိလို့လဲ ပြောလေ "

" မဟုတ်ပါဘူး ဒီတိုင်းမေးကြည့်တာ ညကျအားရင်
စောစောလာခဲ့လို့ပြောမလို့ "

" ဘာလဲ မောင့်အသည်းက မောင့်ကိုမခွဲနိုင်လို့လား
တစ်မနက်လေးခွဲရတာကိုတောင် အရမ်းလွမ်းနေတယ်
ပေါ့လေ "

စနောက်ချင်သည့်စိတ်နဲ့ ချစ်ရသူရဲ့ရင်ခွင်ထဲ ခေါင်းတိုး
ဝင်လိုက်ကာ ခပ်ချွဲချွဲပုံစံနဲ့မေးလိုက်မိတာကြောင့်
ကိုယ့်ခေါင်းကိုပြန်တွန်းထုတ်လာရင်း

" မျက်နှာကလည်း ရူးပါ့ ၊ ဘယ်သူကမှလွမ်းမနေဘူး
ညကျရင်ဘောလုံးပွဲရှိတယ် ၊ အတူတူကြည့်ဖို့ခေါ်နေတာ"

" ဟား ဟား ဟား ဟုတ်ပါပြီဗျာ စောစောလာခဲ့မယ်နော်"

တကယ်လည်း Backနဲ့အတူ ဘောလုံးပွဲကြည့်ဖို့
ခပ်စောစောလေး သွားလိုက်သည်။ အစားအသောက်
ဘက်မှာအားကိုးရသည့်ချစ်ရသူက မုန့်မျိုးစုံကို
အရှေ့မှာချပြီ ဘောလုံးပွဲကိုအပြတ်အသတ်အားပေး
နေလေသည်။ ဒ်ီလိုအချိန်တွေကတော့ Chan အတွက်
လောကနိဗ္ဗာန်ပင်ဖြစ်လေသည်။

Accidental Love ( Uni+Zaw ) Where stories live. Discover now