Part - 10 (Unicode )

845 66 4
                                    

Part - 10

              Accidental Love

"ဒီအချိန်ကြီး ဘာ ဘာလာလုပ်တာလဲ "

မေးတဲ့သူကအသံတုန်နေတာမို့ ပြန်ဖြေရမယ့်ကိုယ့်မှာလဲ
ရင်တုန်ပန်းတုန်နဲ့ ဘာပြောရမှန်းမသိတော့ပါ။

" ပြော ပြောလေ Chan ဒီအချိန်ကြီး ဘာလာလုပ်တာ
လဲလို့ "

နောက်ဆုံးတော့ Chan လည်း မျက်စိစုံမှိတ်ကာ
စကားတစ်ခွန်းပြောချလိုက်တော့သည်။

" ခေါင်းကို ရေလာသုတ်ပေးတာ "

*
*
*
*
*
*
*
*

နှစ်ယောက်သားကြားတွင် ပြောစရာစကားတို့မရှိတော့
သလိုမျိုး ခတ္တခဏမျှတိတ်ဆိတ်သွားရလေတော့သည်။
တစ်ယောက်မျက်နှာကို နောက်တစ်ယောက်က စူးစိုက်
စွာကြည့်နေမိရင်း ငြိမ်သက်နေမိသည့်အခိုက်အတန့်မှာပင်

" ကျွတ်!! မဟုတ်တဲ့စကားတွေကိုပြောနေပြန်ပြီကွာ
ခေါင်းကို ရေလာသုတ်ပေးရအောင် Chan က
အကြားအမြင်ရနေတဲ့ နတ်ဆရာကြီးလား "

ကြားလိုက်ရသည့်စကားကြောင့် Chanမျက်နှာသည်ရေနွေး
ပူပူဖြင့် လှမ်းပတ်ခံလိုက်ရသလိုမျိုး ပူလောင်သွားရလေတော့၏။ Baek အနေဖြင့်လည်း ကိုယ့်စကားကြောင့်
Chan ရဲ့မျက်နှာပျက်ယွင်းသွားရတာကို မြင်လိုက်ရသည့်
အခိုက်အတန့်လေးတွင် ထိုလူူသားအပေါ်အားနာစိတ်လေး
ဝင်သွားမိကာ

" ကဲ ခေါင်းရေသုတ်ပေးမယ်ဆိုလဲ အခန်းထဲဝင်လာ
ခဲ့တော့လေ ဒီမှာအေးခဲနေပြီ "

Bake ရဲ့စကားကြောင့် Chan လည်း အခန်းထဲကို
အမြန်ဝင်လိုက်ရတော့သည်။ကိုယ်ကအခန်းထဲခြေချလိုက်
တယ်ဆိုတာနဲ့ Baek က Sofa ဆီသို့ပြန်လျှောက်သွားလေသည်။ထို့နောက် Sofa အောက်မှာထိုင်ပေးလာတာကြောင့် Chan ကတော့ Sofa ပေါ်မှာထိုင်နေရင်ကနေ ငွေမင်
ရောင်ဆံနွယ်ပေါ်ကရေမှုန်ရေစက်တို့ကို ဖြေးဖြေးဖွဖွလေး
သုတ်ပေးနေမိ၏။ ဒီလူသားကိုယ်ပေါ်မှာရှိနေသည့်
သက်မဲ့အရာတွေကိုတောင် Chan အနေနဲ့မနာလိုဖြစ်နေမိ
လေသည်။ ရေတွေခြောက်သွေ့သွားသောအခါ
ဆံနွယ်ပျော့ပျော့လေးတွေကို မထိတထိဆော့ကစားနေမိတော့သည်။

Accidental Love ( Uni+Zaw ) Where stories live. Discover now