Part - 5 ( Unicode )

857 84 2
                                    

Part 5

              Accidental Love

ပြာလဲ့လဲ့မီးရောင်လေးသာရှိနေသည့်အခန်းထဲ၏
အိပ်စက်ရာကုတင်ထက် စောင်ပုံထဲတွင်နစ်ဝင်မတက်
ရှိနေသည့် မင်းသားBaek ၏ မျက်ဝန်းတွေက
မှိတ်ထားဆဲ ။ သို့သော် နှုတ်ခမ်းဖူးဖူးလေးတွေကတော့
ပြုံးယောင်သန်းနေလေတော့၏ ။ ဒါကိုတော့
ကပ္ပတိန်Chan တစ်ယောက်မမြင်လိုက်တော့ပါ။

*
*
*
*
*
*
*
*

" ဒီတစ်ပတ်အတွင်း အာဖဂန်နစ္စတန်ကို
ပြန်သွားမယ် ၊ ကပ္ပတိန့်အနေနဲ့လည်း
အသင့်ပြင်ထားပေးပါ "

တော်ဝင်စည်းမျဉ်းစည်းကမ်းတွေအရ တော်ဝင်
မိသားစုများသည် မနက်စာကို နန်းတော်၏
သီးသန့်မနက်စာစားသောက်ခန်းတွင်
တစ်စုတစ်စည်းထဲအတူတူစားရသည် ။
တာဝန်ကြောင့်ခရီးထွက်နေရတာမျိုး ၊
နန်းတော်ထဲမှာရှိမနေတာမျိုးကလွဲလျှင်
ကျန်သည့်အချိန်များ၌ ဘုရင်မင်းမြတ်ပင်လျှင်
ထိုအစဉ်အလာကိုချိုးဖောက်ခြင်းမရှိပေ ။

အခုတော့မင်းသား Baekhyun က ထို
အစဉ်အလာကိုချိုးဖျက်ကာ သူနေထိုင်ရာ
အဆောင်အတွင်းမှာပင် မနက်စာကို
တစ်ယောက်ထဲစားသောက်ဖို့ပြင်နေ၏ ။
နန်းတော်တွင်းစားသောက်ခန်းမှာဆိုလျှင်
ကမ္ဘာကျော်စားဖိုမှူးတွေ၏လက်ရာဖြစ်သော
အကောင်းစား မနက်စာမျိုးစုံကို ဖွယ်ဖွယ်ရာရာ
စားသောက်ရမှာဖြစ်သော်လည်း အခုမင်းသားကတော့
သူ့နန်းဆောင်အတွက် သီးသန့်ထားပေးထားသည့်
စာဖိုမှူးကပြင်ထားပေးသော ရိုးရိုးရှင်းရှင်းမနက်စာကိုသာ
စားဖို့ပြင်ဆင်နေသည်။ ဒီလောက်အစားအသောက်
မက်မောသည့်မင်းသားက ဘာလို့များတော်ဝင်
နန်းဆောင်ကိုသွားပြီး အကောင်းစားမနက်စာတွေကို
မစားတာပါလိမ့်လို့ Chan တွေးမိသွား၏။

စားပွဲပေါ်မှာတော့ ပေါင်မုန်မီးကင်နဲ့ ကော်ဖီ
တစ်ခွက်ရယ် ။ နောက်ပြီး အငွေ့တထောင်းထောင်း
ထနေသည့် ခေါက်ဆွဲပြုတ်တစ်အိုးရယ် ။မီးပူပူပေါ်မှာ
တင်ထားသည့် ခေါက်ဆွဲပြုတ်အိုး၏အပေါ်ယံတွင်
ဘဲဥတွေကိုဖောက်ထည့်ထားက ထိုဘဲဥတွေအပေါ်မှ
အသားပြားတွေကိုစီကာတင်ပေးထား၏ ။ ခေါက်ဆွဲ
ပြုတ်အိုးကမြင်ယုံနှင့်ပင် ရိုးရှင်းပြီးစားချင့်စဖွယ်
ရှိနေလေသည် ။

Accidental Love ( Uni+Zaw ) Where stories live. Discover now