Part - 16 ( Zaw )

235 5 0
                                    

Part - 17

" မင်းသားကို ကိုယ်ဆင်းရဲခြင်းကနေလဲကာကွယ်ပေးပါ့မယ်။စိတ်ဆင်းရဲခြင်းကနေလဲ ကာကွယ်ပေးပါ့မယ်။ကိုရီးယားပြည်သူတွေပေးခဲ့တဲ့ချစ်ခြင်းမေတ္တာထက်မလျော့တဲ့ အချစ်မျိုးနဲ့ သေတပန်သက်တစ်ဆုံး ချစ်မြတ်နိုးပေးပါ့မယ် "

ကတိစကားအဆုံးတွင် Chan ၏စိတ်နှလုံးသားထဲ ကြည်နူးမှုနှင့်အတူ ရွှင်မြူးခြင်းကိုပါအတူယှဉ်တွဲခံစားလိုက်ရတော့၏။

*
*
*
*
*
*
*
*

ကိုရီးယားပြည်သူတွေ၏ အသည်းနှလုံးဟုသတ်မှတ်ခြင်းခံထားရသူ Prince Baekhyun ၏ ကြင်ယာတော်ရွေးချယ်ရေးသတင်းသည် နန်းတွင်းအသိုင်းအဝိုင်းမျှသာမက ပြည်သူများအတွင်း တောမီးပမာပြန့်နှံ့နေလေတော့သည်။

သတင်းသမားများ၏ သတင်းလိုက်မှုသည်လည်းကြောက်စရာပင်ကောင်းလှ၏။ လက်စွတ်တစ်ကွင်းမှစတင်လိုက်သောသတင်းသည် Prince Baekhyun နဲ့ ကပ္ပတိန် Park Chanyeol တို့နှစ်ယောက်သားကြားမှာရှိသော ရင်းနှီးတာထက်ပိုနေသည်ဟုထင်ရသည့် သတင်းဓာတ်ပုံတွေပေါ်ထွက်လာသည့်အထိ ဖြစ်လာလေသည်။

နှစ်ယောက်သားအတူရှိနေစဉ် အခြားသူများသတိမထားမိအောင် သိုဝှက်ကာဆုပ်ကိုင်ထားသောတွဲလက်များမှစ၍ တစ်ဦးနှင့်တစ်ဦးချစ်ရည်ရွှန်းစာကြည့်နေသည့် မျက်ဝန်းများသည်ပင်သတင်းမုဆိုးတို့အတွက်သရေတမြားမြားကျစရာ သတင်းတွေဖြစ်ခဲ့ရလေတော့၏ ။ ဖော်ပြလာသည့်သတင်းများတွင် အမှားများလည်းပါသလို သတင်းမှန်အနည်းငယ်လဲပါသည်။

သတင်းများနှင့်ပတ်သက်ပြီး ပြည်သူလူထူကြား ဝေဖန်မှုများမြင့်တက်လာခဲ့တော့သည်။ တိုင်းပြည်၏ အိမ်ရှေ့စံတစ်ပါးအနေဖြင့် ယခုကဲ့သို့သတင်းများထွက်ပေါ်လာခြင်းသည် လွန်စွာစိတ်ပျက်စရာကောင်းကြောင်း ၊ သတင်းစာရှင်းလင်းပွဲကို အမြန်ပင်ပြုလုပ်ပြီး အဖြစ်မှန်ကိုရှင်းပြသင့်ကြောင်း ၊ ထို့ထက်ပိုစွာ တိုင်းပြည်အတွက်လိုအပ်နေသော အိမ်ရှေ့စံမင်းသမီးတစ်ပါးနေရာအတွက် ကြင်ယာတော်အမြန်ရွေးချယ်ပြီး တော်ဝင်မင်္ဂလာပွဲဆင်နွှဲကာ ယခုထွက်ပေါ်နေသော ကောလဟာလများကို အမြန်ဆုံးအသံတိတ်သွားအောင်လုပ်ဆောင်သင့်ကြောင်း
တိုက်တွန်းသူအများအပြားပင်ရှိလေသည်။

Accidental Love ( Uni+Zaw ) Tempat cerita menjadi hidup. Temukan sekarang