Chapter - 1

1.7K 143 0
                                    


Unicode

သစ်သားနဲ့လုပ်ထားတဲ့ အခန်းတစ်ခုမှာနိုးလာပြီးနောက် လှည့်ပတ်ကြည့်လိုက်ရာ အခန်းထဲက ပရိဘောဂတွေကြောင့် ဆေးရုံမဟုတ်ဘူးဆိုတာ ငါသိလိုက်တယ်... အိပ်ရာပေါ်ကထပြီးနောက် ခြေလှမ်းလိုက်ပေမဲ့ ငါ့ခြေထောက်တွေကို သတိထားမိလိုက်၏...

ဘာလို့အရမ်းသေးနေတာလဲ... လက်တွေကိုလည်းကြည့်လိုက်တော့ သေးသေးလေးပဲဆိုတာကိုတွေ့လိုက်သည်... ဒါတွေက ငါ့ခြေတွေလက်တွေဆိုတာသေချာအောင်လှည့်ပတ်ကြည့်လိုက်၏...

မှန်ရှေ့ကိုမြန်မြန်သွားကြည့်လိုက်တော့ အနက်ရောင်ဆံပင်၊ ပန်းရောင်နှုတ်ခမ်း၊ အညိုရောင်မျက်လုံးနဲ့ မျက်ခုံးကောင်းကောင်းရှိတဲ့ ကလေးတစ်ယောက်ကို မြင်လိုက်ရလေသည်...

အသားအရည်၊ ပုံပန်းသဏ္ဍာန်နဲ့ မိန်းမဆန်တဲ့ အသွင်အပြင်ကြောင့် ဒီကလေးက မိန်းကလေးတစ်ယောက်လို့တွေးလိုက်သော်လည်း အဝတ်တွေချွတ်ကြည့်လိုက်တော့ ယောက်ျားလိင်အင်္ဂါနဲ့ တက်တူးတစ်ခုကို ခန္ဓာကိုယ်ပေါ်တွင်တွေ့လိုက်ရလေသည်...

ညာဘက်လက်ကောက်ဝတ်၌ ချယ်ရီပန်းတွေပွင့်နေတဲ့တက်တူးပုံဖြစ်သည်... အဝတ်တွေပြန်ဝတ်လိုက်ပြီးနောက် 'WELCOME LUKE'ဆိုတဲ့ စာရေးထားတဲ့ တံခါးတစ်ခုကိုတွေ့တာကြောင့် တက်တူးကိုထိလိုက်၏...

စိတ်ထဲ၌ တစ်ဖက်ကဖွင့်သင့်တယ်လို့ထင်ပေမဲ့ တစ်ဖက်မှာလည်း မဖွင့်သင့်ဘူးလို့ တွေးနေတယ်... စိတ်တွေလွန်ဆွဲနေပြီးနောက် တံခါးကို ဖွင့်လိုက်လေသည်...

တံခါးရဲ့အခြားတစ်ဖက်အခန်း၌မှောင်မဲနေပြီး အထဲကိုဝင်သွားလိုက်တော့ မီးလင်းလာသည်... ငါရှေ့ကိုဆက်လျှောက်သွားလိုက်တော့ နောက်မှာကျန်ခဲ့တဲ့တံခါးက ပိတ်သွား၏... အလင်းဖောက်နိုင်တဲ့ screenကြီးတစ်ခုရှေ့မှာ ရပ်လိုက်တော့ ထိုဟာ ပွင့်လာသည်...

Screen : လုခယ့်

"အမ်..."

Screen : မင်းကို ဒီခေါ်လာရတာ အရမ်းဝမ်းသာတာပဲ... ကျွန်တော်မင်းကို ဂုဏ်ပြုသင့်တယ်ထင်တယ်

ငါ့ရှေ့မှာဖြစ်နေတဲ့ အရာတွေကြောင့် ငါ့စိတ်ထဲမှာ ဘယ်လောင်တောင်အော်ပစ်ချင်နေလဲဆိုတာမင်းတို့သိရင်.... သောက်screenကြီးက ငါ့ကိုစကားပြောနေတယ်....

ငါ့ကိုပွေ့ဖက်ထားနိုင်မလား(ဘာသာပြန်)                          Where stories live. Discover now