Chapter-8,9

623 73 1
                                    


Unicode

chapter-8

ငါဖျော်ဖြေချင်တဲ့အပိုင်းကို လေ့ကျင့်နေခဲ့သည်.... သို့ပေမဲ့ ငါသုံးနေကျတူရိယာတွေကို သုံးမှာမဟုတ်ပေ... ဒရမ်၊ ဗုံ၊ ချူတပ်ဗုံတွေနဲ့အတူ တယောတစ်လုံးကို အသုံးပြုပြီး ဖျော်ဖြေမှာဖြစ်၏... 

ပွဲအခမ်းအနားမှာ ငါလိုချင်တဲ့ပုံစံအတိုင်း စတင်ခဲ့လေသည်... ငါ့လူတွေက ဘာလုပ်ရမလဲဆိုတာ သိပြီးသားမလို့ ဧကရီရဲ့မွေးနေ့ပွဲကို ဆင်နွှဲဖို့ရာ စောင့်နေကြလေ၏...

အလှဆင်တဲ့အချိန်ကနေ အစားအသောက်တွေတည်ခင်းတဲ့အချိန်အထိ အားလုံးအေးအေးဆေးဆေးပင်.. အမတ်တွေနဲ့ စစ်သူကြီးတွေက စိန်တွေ၊ ပုလဲတွေ၊ အဝတ်အထည်တွေ၊ ကျောက်မျတ်ရတနာတွေ အစရှိတဲ့လက်ဆောင်ပစ္စည်းတွေကို ပေးကြ၏...

ငါဝတ်နေကျ လိပ်ပြာမျက်နှာဖုံးကို မတပ်ချင်တာကြောင့် မိတ်ကပ်နည်းနည်းလောက်ပြင်ပြီး ငါ့မျက်နှာတစ်ဝက်ကိုဖုံးဖို့ ရွှေရောင်မျက်နှာဖုံးကို အသုံးပြုလိုက်သည်...

ငါဝတ်တဲ့ဝတ်စုံကတော့ ရိုးရိုးရှင်းရှင်းနဲ့ ကျက်သရေရှိသည့် ပုံစံမျိုးပင်... အဲ့တာက တောက်ပရဲ့အရောင်မဟုတ်သလို မျက်လုံးကိုလည်း မဖမ်းစားနိုင်ပေ... အဲ့တာကြောင့် ငါသစ်ပင်နားမှာရပ်ပြီး ဖျော်ဖြေမှုတွေကြည့်နေတာကို ဘယ်သူမှသတိမထားမိတာဖြစ်သည်... ငါ့လူတွေကတော့ သစ်ပင်တွေနောက်က ခေါင်မိုးပေါ်တွေမှာ ပုန်းနေကြတာဖြစ်၏...

နေရာအနှံ့အပြားမှ အမျိုးသား အမျိုးသမီးတွေက ဧကရီရဲ့မွေးနေ့အတွက် ဖျော်ဖြေပေးကြသည်... ဧကရီက သူမခင်ပွန်းဖြစ်တဲ့ ဧကရာဇ်ထုံယန်နားမှာ ပျင်းရိတဲ့အမူအရာနှင့် ထိုင်နေလေ၏...

မိဖုရားဖြစ်တဲ့ ဝမ်ရှုကတော့ ဧကရာဇ်ရဲ့တစ်ဆင့်နိမ့်သည့်နေရာတွင် ထိုင်ရတာပင်.... သူမရဲ့အစေခံက သူ့မအား စားစရာနှင့် ဝိုင်တွေပြင်ဆင်ပေးနေတာကြောင့် သူမမျက်နှာတွင် အပြုံးကြီးတစ်ခုပန်ဆင်ထားလေ၏...

တခြားကိုယ်လုပ်တော်တွေမှာတော့ ဝမ်ရှုအား စိမ်းစိမ်းဝါးဝါးကြည့်နေကြတာကြောင့် ငါပြုံးလိုက်သည်...ဧကရာဇ်ထုံယန်က ချောမောခန့်ညားတဲ့လူအဖြစ် ကြီးပြင်းလာတာကို သူပြောနိုင်သည်... သူက ငါ့Typeဆိုပေမဲ့ ငါဘာလို့ သူနဲ့ အကွာအဝေးတစ်ခုမှာနေနေလဲဆိုတော့ ငါမသိတော့ချေ... 

ငါ့ကိုပွေ့ဖက်ထားနိုင်မလား(ဘာသာပြန်)                          Where stories live. Discover now