Chapter-10,11

616 67 0
                                    


Unicode

T.N_ခေါင်းစဉ်လေးကို 'ငါ့ကိုပွေ့ဖက်ထားနိုင်မလား' လို့ပြောင်းလိုက်ပါတယ်နော် အဲ့လိုလေးက ပိုလိုက်မယ်ထင်လို့........

Chapter-10

ဧကရီချွန်ရုံနဲ့ ငါ တရုတ်ကျားကွက်ကို ကစားနေကြတယ်... ငါဘယ်လိုကစားရမှန်းမသိတာကြောင့် ဧကရီက ငါ့ကိုသင်ပေးပေမဲ့ ရှုံးနေဆဲပင်...

"ရှုံးပြန်ပြီ" ငါအော်ပြောလိုက်တာ့ သူမ က ငါ့မျက်နှာကိုကြည့်ရာ ရီနေလေ၏... ငါ ပွဲသုံးဆယ်လောက်ရှုံးနေပေမဲ့ ကစားရတာပျော်တယ်... အခုဆိုရင် ဧကရီနဲ့ ငါခင်တာ လေးလလောက်ရှိနေပြီဆိုပေမဲ့လည်း သူမရဲ့ဘဝအကြောင်း ငါ့ကိုပြောပြဖို့ ငါမမျှော်လင့်ထားချေ...

ငါသိလာရတာမှာ သူမက အိမ်နီးချင်းနိုင်ငံကဖြစ်ပြီး သူမရဲ့အမေဖြစ်သူ ဧကရီဆုံးပါးသွားတာကြောင့် သူ့ခမည်းတော် ဧကရာဇ်က သူမအား ငြိမ်းချမ်းရေးအဖြစ် ရှင်းနိုင်ငံကိုပို့ပြီး ထုံယန်ရဲ့ဧကရီဖြစ်လာစေသည်...

ထုံယန်က သူမကို လက်ထပ်ခဲ့ပေမဲ့ ဘယ်တုန်းကမှ မထိတွေ့ခဲ့ပေ... သူက သူမကို အရာအားလုံးလုပ်ဖို့ခွင့်ပြုထားခဲ့ပြီး တခြားတစ်ယောက်ယောက်ကို သူမ ချစ်ရင်တောင် ခွင့်ပြုပေးထားခဲ့သည်... အခုအချိန်မှာ ငါကတော့ ထုံယန်ကို နလပိန်းတုံးလို့ တွေးနေ၏..

ချွန်ရုံက ရှင်းနိုင်ငံနန်းတော်ထဲကထွက်ပြီး သာမန်လူတစ်ယောက်အဖြစ် နေထိုင်ချင်သော်လည်း ငြိမ်းချမ်းရေးသဘောတူညီချက်ကြောင့် သူမထွက်သွားလို့မရပေ... သူမရဲ့အဓိက ပြဿနာကတော့ ရှင်းနန်းတော်ရှိ အကြင်နာကင်းမဲ့တဲ့ ကိုယ်လုပ်တော်တွေဖြစ်သည်..

သူတို့အားလုံးနီးပါး သူမကို သေစေချင်နေကြ၏... ငါ သူမအား ကိုယ်ရံတော်တွေထားဖို့ပြောပေမဲ့ သူမက ဘယ်သူ့ကိုမှ အယုံအကြည်မရှိဘူးဟု ဆိုသည်... ငါတစ်ယောက်တည်းကိုသာ သူမယုံကြည်၏... ငါတို့ ကျားကွက်ကစားပြီးနောက် မုန့်နဲ့ လက်ဖက်ရည်သုံးဆောင်ဖို့ ထိုင်လိုက်ပေမဲ့ ငါဗိုက်မဆာသေးပေ...

ဧကရီနဲ ငါနှစ်ယောက်တည်း အေးအေးဆေးဆေးစကားပြောဖို့အတွက် အစေခံတွေကို အပြင်ထွက်သွားခိုင်းလိုက်၏... ဧကရီ သူမရဲ့လက်ဖက်ရည်ခွက်လွတ်ကျမသွားခင်အချိန်ထိ အခြေအနေဟာ ငြိမ်းငြိမ်းချမ်းချမ်းရှိနေသည်... ငါသူမကို လှည့်ကြည့်လိုက်တော့ သူမဟာ အထိန်းအကွပ်မဲ့စွာ အော်နေလေ၏..

ငါ့ကိုပွေ့ဖက်ထားနိုင်မလား(ဘာသာပြန်)                          Where stories live. Discover now