Chapter-19,20

494 48 0
                                    


Unicode

Chapter-19

အရာအားလုံး ချောချောမွေ့မွေ့ပင်... ထုံယန်ဟာ နှစ်လအတွင်းမှာ နန်းတော်ကိုတိုက်ခိုက်ဖို့ လူစုဆောင်းနိုင်ခဲ့တယ်...

သူတို့မှာ ငွေကြေးလုံလုံလောက်မရှိတာကြောင့် ငါတတ်နိုင်သမျှ ရွှေဒင်္ဂါးတွေ ပေးခဲ့၏.. ထုံယန်က ဒီတိုက်ပွဲမှာ ငါ့ကိုမပါစေချင်ပေမဲ့ သူသွားရင် ငါသူ့ဘေးမှာပဲနေပြီး ကာကွယ်စောင့်ရှောက်ကာ ထောက်ပံ့ပေးမည်ဖြစ်သည်...

ငါသူ့ကိုကယ်ခဲ့ကတည်းက ဒီတိုက်ပွဲမှာပါနေပြီဖြစ်ကာ ဧကရာဇ်ဟောင်းဖုန်းဆွန်းက ငါ့အား ငွေဒင်္ဂါး လေးထောင်ဖြင့် ဝရမ်းထုတ်ထားခဲ့တယ်... 

ငါအဲလောက်တန်မှန်းသိတော့ ဝမ်းသာသွားခဲ့သေးပေမဲ့ ထူးဆန်းတာက သူတို့ ဘာအတွက်ကြောင့် ငါ့ကိုဝရမ်းထုတ်လဲဆိုတာ မဖော်ပြထားပေ... ဒါ့အပြင် ငါဘယ်သူဆိုတာကို ထုံယန်ရယ် ယွမ်ယွမ်ရယ် ငါ့လူတွေရယ်ကလွဲပြီး ဘယ်သူမှမသိတာ ကံကောင်းသွားခဲ့သည်...

လက်ရှိအချိန်..

ငါ အနောက်ပိုင်းနယ်စပ်ရှိ ဘုရားကျောင်းတစ်ခုမှာရှိနေတဲ့ ယွမ်ယွမ့်ဆီသွားလည်ဖို့ဆုံးဖြတ်လိုက်သည်... ထုံယန်က ငါတစ်ယောက်သွားမှာကို စိတ်မချတာကြောင့် ငါဘာမှမဖြစ်နိုင်ပါဟု နှစ်သိမ့်ခဲ့၏...

ငါတို့ ပွေ့ဖက်နှုတ်ဆက်ပြီးနောက် မြင်းပေါ်တက်ကာ အနောက်ပိုင်းနယ်စပ်ကို ဦးတည်သွားလိုက်သည်... ငါဘုရားကျောင်းကိုရောက်ဖို့ အချိန် ၄ရက်လောက်ကုန်သွားတယ်...ငါရောက်တော့ နေရာမှာ တိတ်ဆိတ်နေ၏...

ကလေးတွေလည်းမတွေ့သလို ဘုန်းကြီးတွေလည်းမတွေ့ဘဲ ထူးဆန်းနေလေသည်... ငါ့မြင်းကို အလယ်ဆောင်ရှိ သစ်ပင်တစ်ပင်မှာ ချည်ကာ လှေကားကနေတက်သွားလိုက်သည်...

ငါအပေါ်ဆုံးအဆင့်ကိုရောက်တော့ ကြမ်းပြင်မှာ သွေးတွေပျံ့ကျဲနေပြီး လောင်ကျွမ်းနေတဲ့ အနံ့တွေလည်း ရလေ၏... ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တဲ့အချိန်မှာတော့ အလောင်းများစွာကို မြင်လိုက်ရတော့သည်...

"ဘာ? ဘာဖြစ်?!" အတွေးတွေကို စုစည်းဖို့ကြိုးစားပြီး "ယွမ်ယွမ်?! ယွမ်ယွမ်?" ငါအော်ဟစ်ရင်း သူမလေးကို နေရာတိုင်းမှာ ရှာဖွေလိုက်သည်...

ငါ့ကိုပွေ့ဖက်ထားနိုင်မလား(ဘာသာပြန်)                          Where stories live. Discover now