Chapter-4

881 102 0
                                    


Unicode

ရှင်းနိုင်ငံတော်ကို သွားတဲ့လမ်းတစ်လျှောက်လုံးတွင် ထုံယန်က ငါ့မိဘတွေအား ရှင်းနိုင်ငံတော်အကြောင်းနဲ့ အဲ့မှာနေရရတာ ဘယ်လိုမျိုးလဲဆိုတာကို ပြောပြသည်... သို့သော် ငါကတော့ ငါ့မိဘတွေလိုမျိုး စိတ်ကူးမယဉ်ကြည့်ပေ... မနက်ဖြန်ဆိုရင် မြို့တော်နယ်နိမိတ်ကို ရောက်တော့မှာဖြစ်တာကြောင့် စိတ်ရှင်းအောင် လမ်းလျှောက်ထွက်နေလိုက်သည်...

ဥသျှစ်ပင်အောက်ရောက်တော့ ထိုင်ချကာ မျက်နှာကိုကားထားတဲ့ပဝါအား ဆွဲဖြုတ်လိုက်ပြီး အေးမြတဲ့လေကို ခံစားလိုက်သည်... "ဟေး" တစ်စုံတစ်ယောက်ခေါ်သံကိုကြားတာကြောင့် လှည့်ကြည့်လိုက်တော့ ထုံယန်က သူ့ဘေးမှာ မတ်တပ်ရပ်နေတာဖြစ်သည်...

သူ ငါ့ဘေးမှာလာထိုင်တယ်... မျက်နှာကာပဝါကို ချလိုက်ပြီးနောက် သူ့ကို ဘာလို့နိုးလာလဲဆိုတာ မေးလိုက်သည်... ထိုအခါ သူက ငါထလာကိုမြင်ပြီး တစ်ခုခုအဆင်မပြေဘူးလို့ထင်တာကြောင့် လိုက်လာတာဟုပြော၏...

"လာလို့ အမြဲတမ်း မျက်နှာကို ပဝါကာထားတာလဲ" သူသိချင်စွာ မေးသည်...

"ဒါက ငါ့အဖွားရဲ့လက်ဆောင်ပါ... ဒါပေမဲ့ သူမက လွန်ခဲ့တဲ့နှစ်နှစ်တုန်းက ဖြစ်တဲ့ စစ်ပွဲမှာ ဆုံးပါးသွားတာကြောင့် ငါ့ကို သူမကိုယ်တိုင် မပေးလိုက်ရဘူး" စိတ်ဓာတ်ကျတဲ့ ပုံစံလုံးဝမပါဘဲ ငါပြန်ဖြေလိုက်သည်...

"အာ... တောင်းပန်ပါတယ်"သူငါ့ကိုကြည့်ပြီးနောက် ဆက်ပြော၏... "မင်းရဲ့အဖွားက မင်း ထက်မြက်ပြီး သန်မာတဲ့ မိန်းကလေးတစ်ယောက်ဖြစ်လာတာကို အရမ်းပျော်မယ်ဆိုတာ ငါသေချာတယ်" 

"ကျေးဇူးတင်ပေမဲ့ ဝမ်းနည်းဖို့မလိုပါဘူး.. စစ်ပွဲကိုစခဲ့တာ မင်းမဟုတ်တဲ့အတိုင်းပဲ" သူ့ကိုပြန်ပြောပြီးနောက် နေထွက်လာတာကိုမြင်တာကြောင့် ထရပ်လိုက်သည်... ငါသူ့ကိုလက်ကမ်းလိုက်တာကြောင့် ငါ့လက်ကို ကိုင်ကာ သူထလာ၏... ထို့နောက် နှစ်ယောက်လုံး ငါ့မိဘတွေဆီပြန်လာလိုက်သည်...

မြို့တော်ဝင်ပေါက်မှာ ရှိနေတဲ့လူတွေထဲ၌ ငါတစ်ယောက်တည်း မျက်နှာကိုအုပ်ထားတာဖြစ်သည်... လူတချို့ကတော့ ထုံးစံအတိုင်း ငါ့ကို အတင်းပြောနေ၏...

ငါ့ကိုပွေ့ဖက်ထားနိုင်မလား(ဘာသာပြန်)                          Where stories live. Discover now