Chapter-15

538 52 0
                                    


Unicode

ဧကရာဇ်ထုံယန် သေဆုံးသွားပြီဆိုတဲ့ သတင်းဟာ တောမီးပမာ ပျံ့နှံ့သွားလေသည်.. ထုံယန်အတွက် ဈာပနပွဲကျင်းပပေးသော်လည်း အဲ့ဒီ့နေ့မှာပင် ဖုန်းဆွန် နန်းတက်ခဲ့၏....

သူတို့လိုချင်တာရဖို့ အလောတကြီးလုပ်နေပေမဲ့ ဝမ်ရှုသတင်းကိုမူ ဘာမှမကြားပေ... ငါအဝါရောင် ခမောက်ရှည်ကိုဆောင်းထားရင်း စားသောက်ဆိုင်တစ်ဆိုင်မှာ ထိုင်နေသည်...

ထုံယန်ကတော့ အမွှေးထူတဲ့ မုတ်ဆိတ်မွှေး နှုတ်ခမ်းမွှေးအတုတွေတပ်ထားပြီး ငါ့မျက်နှာချင်းဆိုင်မှာ ထိုင်နေ၏... သူ့ကိုကြည့်လိုက်တိုင်း ငါရီနေရတယ်... သူကဝက်ဝံကြီးတစ်ကောင်လိုပဲ... ငါ့ရဲ့ဝက်ဝံကြီး....

ငါတစ်နေကုန် ပေါက်ကရတွေပြောနေတာမလို ငါ့ကိုယ်ငါပြန်ထိန်းသင့်ပြီ... ငါတို့နေ့လည်စာစားနေတုန်း လူတစ်စုက ငါတို့စားပွဲနားကို ရောက်လာသည်...

"ဟေး...အလှလေး... အဲ့ဒီ့အိုကြီးအိုမကို ပစ်ပြီး ကိုယ်နဲ့အတူလာပျော်ပါလား" ရှေ့ရှိ အပြာရောင်ဝတ်ရုံနဲ့တစ်ယောက်က ပြောလာသည်...

သူ့ခါးမှာချိတ်ဆွဲထားတဲ့ ကျောက်စိမ်းဆွဲပြားကြောင့် တော်ဝင်မျိုးနွယ်တစ်ချို့နဲ့ ဆွေမျိုးတော်စပ်ပုံပေါ်တယ်...

ရန်ဖြစ်မှာစိုးတာကြောင့် ထုံယန်ကိုတားကာ ရှေ့ကလူငယ်ကို အပြုံးနှင့် ငါပြန်ပြောလိုက်၏.. "တစ်ပါးသူတွေကို လေးစားရမယ်လို့ ရှင့်မိဘတွေက မသင်ထားဘူးထင်တယ်... ရှင်ပြောနေတဲ့ အိုကြီးအိုမက ကျွန်မယောက်ျားပဲ... ရှင့်ကို စကားနည်းနည်းပြန်ပြောရတာကိုက ကျွန်မအတွက် ရွံစရာကောင်းနေပြီ"

"မင်း... ဒီကောင်မ"သူပြောနေတုန်း သူ့ရဲ့ရီစရာကောင်းတဲ့မျက်နှာကို လက်ဖက်ရည်ပူတွေနဲ့ ငါပက်လိုက်သည်... သူငိုတော့ပုံနဲ့ ကြမ်းပြင်ပေါ်လဲကျသွားတာကြောင့် ငါလှောင်ရီလိုက်၏... သူ့ရဲ့ဒုတိယအရေးကြးတဲ့အရာကို ဖျက်ဆီးလိုက်တယ်ဆိုတာငါသိပေမဲ့ ဟမ့်! လာစမ်းပါ...

ငါ့ကိုအပြစ်လာမတင်နဲ့... ငါ့ဝက်ဝံလေးကိုများ အိုကြီးအိုမတဲ့.. ထို့နောက် ထိုင်နေရာမှ ထကာ ထွက်သွားတော့မလို့လုပ်လိုက်တဲ့အချိန်မှာပဲ သူ့လူတွေထဲတစ်ယောက်က ငါ့ကိုတိုက်ခိုက်လေ၏...

ငါ့ကိုပွေ့ဖက်ထားနိုင်မလား(ဘာသာပြန်)                          Where stories live. Discover now