Chapter-2,3

1.1K 130 0
                                    


Unicode

Chapter-2

သုံးလလောက် ဝမ်ကျင်းအဖြစ်နေထိုင်ပြီးနောက် ရှင်းနိုင်ငံ‌တော်ရဲ့ အစွန်အဖျားနယ်မြေမှာနေထိုင်နေတယ်ဆိုတာ ငါသိလာတယ်... ဝမ်ကျင်းဟာ ဘယ်တုန်းကမှ ကျောင်းမသွားဖူးတဲ့အတွက် ဘာတွေဖြစ်နေလဲဆိုတာကိုအနည်းငယ်သာသိလေသည်...

မြို့တော်ထဲကိုသွားချင်တယ်ဆိုရင် ငွေပြားငါးဆယ်ပေးရမည်ဖြစ်သည်... ထိုငွေဟာ ပမာဏအများကြီးဖြစ်ကာ လူတစ်ချို့သာ တတ်နိုင်၏...

ငါနေတဲ့ အစွန်အဖျားဒေသက စစ်ပွဲကြီး မဖြစ်ခင်တုန်းကဆိုရင် စိုစိုပြေပြေနဲ့ ပွဲလမ်းသဘင်တွေရှိတတ်တဲ့ ပျော်စရာရွာလေး ဖြစ်ခဲ့ဖူးတယ်... အခုတော့ ဒီမှာနေတဲ့လူတွေအတွက် သရဲမြို့လို့တောင်ခေါ်လို့ရသည်....

ဝမ်ကျင်းမှာ အစ်မတစ်ယောက်ရှိပြီး စစ်ပွဲကြီးမဖြစ်ခင် စာလေ့လာဖို့အတွက် မြို့တော်ကိုသွားခဲ့သော်လည်း ပြန်ရောက်မလာခဲ့တော့ပေ...

အမေနဲ့ အဖေဟာ သူမ တစ်ခုခုဖြစ်နေတယ်လို့တွေးပြီး မြို့တော်ကိုလိုက်သွားခဲ့သော်လည်း သူမက အထက်တန်းလွှာအဖြစ် နေထိုင်နေပြီဖြစ်သည်...

အမေက သူမအား မိသားစုကိုပြန်ကြည့်ဖို့တောင်းဆိုပေမဲ့ သူမက ဒီကလူတွေကို သူမဟာ ချမ်းသာတဲ့နောက်ခံရှိတယ်လို့ပြောထားတာကြောင့် သူမ မျက်နှာမပျက်ရအောင် သူတို့အား နှင်ထုတ်ခဲ့လေ၏...

လူတစ်ချို့က ကောက်ကျစ်စဉ်းလဲတတ်ပြီး ထိုအထဲမှာ ဝမ်ကျင်းရဲ့အစ်မ ဝမ်ရှုလည်း အပါအဝင်ဖြစ်သည်...

သူ့မိဘတွေအိမ်ပြန်ရောက်လာတော့ သူတို့က ဝမ်ကျင်းက စာသင်နိုင်အောင် ပိုက်ဆံစုလေ၏...

သို့သော် ဝမ်ကျင်းက ထိုအခွင့်အရေးကိုငြင်းဆန်ကာ သူလယ်မှာပဲ အလုပ်လုပ်ပြီး မိဘတွေဆေးကုနိုင်အောင် ပိုက်ဆံရှာပေးလေသည်...

အခြားရွာသားတွေဆီကရတဲ့ ဆေးဖြစ်ဖြစ် စားစရာပဲဖြစ်ဖြစ် ဝမ်ကျင်းက သူ့မိဘတွေကိုသာ ပေးလေ့ရှိသည်... ထို့ကြောင့် ဝမ်ကျင်းဟာ တဖြည်းဖြည်းအားနည်းပြီး အာဟာရပြတ်လာလေ၏...

သူသေသွားအာ အံ့ဩစရာမရှိတော့ဘူး... ဒါပေမဲ့ အဲ့တာကောင်းပါတယ်... သူဒီမှာရောက်နေပြီဖြစ်တာကြောင့် ဘဝကိုပိုကောင်းအောင်နေပြီး ဝမ်ကျင်းရဲ့မိဘတွေကိုလည်း ကောင်းကောင်းပြုစုမယ်လို့ ကတိပေးတယ်.... ပထမဆုံး ငါစွန့်ပစ်ရမယ့်အရာက လယ်ကွင်းဖြစ်တယ်... အဲ့တာကို ပိုက်ဆံများများရှာမပေးနိုင်ချေ...

ငါ့ကိုပွေ့ဖက်ထားနိုင်မလား(ဘာသာပြန်)                          Where stories live. Discover now