Chapter-7

638 68 3
                                    


Unicode

ယွမ်ယွမ့်ခေါင်းမှာ ခမောက်ဆောင်းပေးနေရင်း သူမလေးကမေးသည်... "အမေ... သမီးတို့ဘယ်သွားမှာလဲ" အမေတို့ရှင်းနိုင်ငံကိုသွားရမယ်... အမေက ဧကရီရဲ့မွေးနေ့ပွဲအတွက် ဖျော်ဖြေပေးရမယ်" ငါ သူမလေးရဲ့ နှာခေါင်းလေးကိုထိရင်း ပြန်ဖြေလိုက်သည်...

ငါ့ခေါင်းပေါ်မှာလည်း မျက်နှာကာပဝါပါတဲ့ခမောက်ဆောင်းနေရင်း လှည်းမောင်းနေတဲ့လူက ငါတို့ကို ရောက်ပြီဖြစ်ကြောင်း လှမ်းပြောသည်... ငါထင်ရှားမနေချင်တာကြောင့် ယွမ်ယွမ်နဲ့အတူ ဝတ်ရုံခြုံလိုက်၏... ထို့နောက် သူမလက်ကိုကိုင်ရင်း သက်ပြင်းချလိုက်ပြီးနောက် အစောင့်တွေကို ဖယ်ထုတ်လိုက်သည်...

လူတွေသတိမထားမိအောင် ငါ့ကိုယ်ရံတော်တွေက သာမာန်လူတွေလိုမျိုး ဝတ်စားထားသည်... စားသောက်ဆိုင်ကြီးကိုကြည့်နေရင်း ငါ့အဖေကိုပြန်တွေ့ရတော့မှာကြောင့် ပျော်ရွှင်မှုဖြင့် အထဲကိုဝင်လာခဲ့သည်...

ခရီးဦးကြိုပြုသည့် မိန်းကလေးကပြောင်းလဲသွားပြီး ဆိုင်ရဲ့အပြင်အဆင်တွေလည်းပြောင်းလဲသွား၏... ပုံစံကဆိုးတော့မဆိုးပေမဲ့ ငါအရင်လုပ်ထားတဲ့ပုံစံက ပိုကောင်းသည်... 

စားပွဲထိုးလေးက ငါတို့စားစရာမှာဖို့ အနားရောက်လာသည်... ဒါပေမဲ့ ယွမ်ယွမ့်ကိုသာ သူမစားချင်တာမှာခိုင်းလိုက်ပြီး ငါကတော့ မျက်နှာသစ်တွေကို ကြည့်နေလိုက်၏... "တစ်ဆိတ်လောက်... ဆိုင်ပိုင်ရှင်ဖြစ်တဲ့ ဦးလေး ဝမ်လီ ဘယ်မှာရှိလဲသိလား" ငါ စားပွဲထိုးလေးကို မေးလိုက်သည်...

"မိန်းကလေး... ပြောရမှာတော့စိတ်မကောင်းပေမဲ့ သခင်ကြီးဝမ်လီက လွန်ခဲ့တဲ့နှစ်နှစ်ကပဲ ဆုံးပါးသွားပါပြီ" သူပြောပြီးနောက် ဦးညွှတ်ကာထွက်သွားသည်... ယွမ်ယွမ်လေးက ဝမ်လီဆိုတာဘယ်သူလဲလို့မေးတော့ငါပြန်ဖြေလိုက်၏... "အမေ့ရဲ့ အဖေပါ" ငါတို့စားသောက်ပြီးနောက် ငါ့အဖေကို မြှုပ်နှံထားတဲ့နေရာဆီသွားလိုက်သည်...

သူရဲ့အုတ်ဂူဘေးမှာတော့ အမေ့ရဲ့အုတ်ဂူရှိလေ၏... ငါငိုချင်နေပေမဲ့ ငါသန်မာရမယ်... ယွမ်ယွမ်လေးက ငါ့ကိုဖက်ပြီး ငါ့ကိုလုံးဝထားမသွားဘူးဟု ကတိပေးတာကြောင့် ငါပြုံးလိုက်သည်... ထို့နောက် ငါတည်းခိုခန်းတစ်ခုမှာနေမယ့်အစား အိမ်အသေးတစ်လုံးဝယ်လိုက်၏...

ငါ့ကိုပွေ့ဖက်ထားနိုင်မလား(ဘာသာပြန်)                          Where stories live. Discover now