Chapter-14

528 52 0
                                    


Unicode

ယုန်သားကင်အနံ့ကြောင့် ငါနိုးလာပြီး သရေတွေတောင် သုတ်ပစ်လိုက်ရ၏... ခမောက်ကို သေချာပြန်ဆောင်းပြီးနောက် ထုံယန် မနက်စာလုပ်နေတာကို တွေ့လိုက်သည်... ငါ့လက်မှာလည်း တစ်ခုခုပြောင်းလဲနေသလို ခံစားရတယ်...

ငါ့ကြည့်လိုက်တော့ ပတ်တီးစည်းထားတာပင်... ငါမတ်တပ်ရပ်နေတုန်း သူငါ့ဘက်လှည့်ကြည့်လာ၏.. "ခင်ဗျားသက်သာသွားပြီလား" ငါမေးလိုက်တော့ သူခေါင်းညှိမ့်ပြသည်...

ငါရေချိုးဖို့လိုနေတာကြောင့် ထုံယန်က ရေချိုးရမယ့် နေရာကိုပြောပြ၏... သူပြောတဲ့အတိုင်းသွားလိုက်တော့ စမ်းချောင်းလေးတစ်ခုကို တွေ့ရသည်.... ငါလည်း အဝတ်အစားတွေချွတ်ပြီး ရေထဲခုန်ဆင်းလိုက်တယ်...

ရေပေါ်မှာ ကိုယ်ဖော့ထားရင်း ငါ့ခန္ဓာကိုယ်ကို သက်တောင့်သက်သာ အနားရအောင် လုပ်နေလိုက်သည်... ထိုစဉ် လူတစ်ယောက် ရေထဲခုန်ချလာသံကို ကြားလိုက်ရတာကြောင့် ငါကြည့်လိုက်တော့ ထုံယန်က ငါ့ဆီ ရေကူးပြီးလာနေတာပင်... ငါ့အဝတ်တွေကလည်း တစ်ဖက်ခြမ်းမှာ... နေရာလွတ်ထဲကယူလိုက်ရင်လည်း သူတွေ့သွားလိမ့်မယ်...

ငါ့မှာ ရွေးစရာသုံးခုရှိပေမဲ့ သုံးခုလုံးက ယုတ္တိရှိမနေဘူး... ငါတစ်ခုခုလုပ်ဖို့ ဆုံးဖြတ်လိုက်ချိန်မှာတော့ ထုံယန်က ငါ့ဘေးရောက်နေလေပြီ... ဒီလောက်မြန်မြန်ကြီး သူဘယ်လိုရောက်လာတာလဲ... ပုံမှန်အားဖြင့်တော့ ဒီလူအနားရှိရင် သက်တောင်သက်သာမရှိသလို မခံစားရဘူးဆိုပေမဲ့ အခုတော့ ရေအောက်မှာ ငါ့ရဲ့အဝတ်မပါတဲ့ ခန္ဓာကိုယ်ကို သူအတိုင်းသားမြင်နေရလောက်တယ်....

သူ့ကိုကျောပေးထားရင်း ငါရှက်ရွံ့မှုကြောင့် နားတွေပူထူပြီး နီရဲလာသလို ခံစားနေရ၏... ငါလည်းယောက်ျားတစ်ယောက်ပဲဟာကို ဘာလို့ တခြားယောက်ျားတစ်ယောက်ရှေ့မှာ ရှက်နေရတာလဲ...

အေးစက်စက်လက်တစ်ဖက်က ငါ့ခါးကိုလာထိပြီးနောက် အနောက်ကိုအဆွဲခံလိုက်ရကာ သူရင်ခွင်ထဲ အဖက်ခံလိုက်ရ၏... "မင်းကိုပွေ့ဖက်ထားခွင့်ပဲပြုပါ" သူနူးနူးညံ့ညံ့လေးဆိုသည်... ထို့နောက် သူ့မျက်နှာကို ငါ့လည်တိုင်ဆီအပ်ကာ ငါ့အား တင်းတင်းကျပ်ကျပ်ပွေ့ဖက်လိုက်၏...

ငါ့ကိုပွေ့ဖက်ထားနိုင်မလား(ဘာသာပြန်)                          Where stories live. Discover now