Chapter-16 (Mature)

702 53 0
                                    

Unicode

အိပ်ယာထဲမှထကာ ရေချိုးခန်းထဲ ငါဝင်လိုက်သည်... ငါ့ရဲ့ အပေါ်ဝတ်ရုံတွေ ဆံထိုးတွေ ဖိနပ်တွေ အကုန်ချွတ်ပြီးနောက် ရေအေးတွေထည့်ထားသည့် ရေချိုးဇလုံအသေးထဲသို့ ဝင်လိုက်၏... ထို့နောက် အခန်းတံခါးဖွင့်သံနှင့် ခြေသံအချို့ကို ကြားလိုက်ရသည်...

ငါရေအောက်ကို ငုံ့လိုက်ပြီးနောက် အသံတွေရပ်သွား၏... ဖြည်းဖြည်းချင်း ခေါင်းပြန်မော့လိုက်ပြီး ပူနေသေးပေမဲ့ ခြေသံတွေမကြားရတော့တာကြောင့် အပြင်ကို ထွက်လိုက်သည်... 

ငါ့အတွင်းဝတ်ရုံက ရေစိုကာ ခန္ဓာကိုယ်ကိုကပ်နေတာကြောင့် ဖောက်ထွင်းမြင်နေရ၏... ငါ့မျက်နှာမှာကပ်နေတဲ့ ဆံပင်တွေကိုသပ်ရင်း တံခါးဖွင့်လိုက်ချိန် လူတစ်ယောက်က ငါ့အား ဆွဲကာ အိပ်ယာပေါ်ပစ်တင်လိုက်သည်...

ဓားတစ်ချောင်းက ငါ့လည်ပင်းမှာထောက်ထားတာကြောင့် တိုက်ခိုက်လာတဲ့လူရဲ့ မျက်နှာကို မြင်အောင်ကြိုးစားကြည့်လိုက်သည်... တစ်ဖက်လူမှာ ထုံယန်ဖြစ်နေတာကြောင့် ငါအံ့ဩသွား၏... ထို့နောက် ထုံယန်က ဓားကိုဖြည်းဖြည်းချင်းချပြီး ငါ့ကိုလွှတ်ပေးလိုက်တယ်...

သူ့ခန္ဓာကိုယ်ကထွက်တဲ့ အအေးဓာတ်က ငါသူ့နားကပ်အောင် လုပ်နေတာကြောင့် ထုံယန်ကို အိပ်ယာပေါ်ပြန်ဆွဲချလိုက်၏... သူက ငါ့အပြုအမူကြောင့် အံ့အားသင့်သွားလေသည်....

သူ့ဝတ်ရုံတွေကို ဆွဲချွတ်ပြီး ဘောင်းဘီတစ်ထည်သာချန်ထားလိုက်သည်... ထို့နောက် သူ့ဆီမှ အအေးဓာတ်ရအောင် သူ့ခန္ဓာကိုယ်အား ငါ သိုင်းဖက်ထားလိုက်၏...

"မင်းအဆင်ပြေရဲ့လား" သူမေးသော်လည်း ငါတအင့်အင့်ညည်းကာ သူအားပိုတင်းကျပ်အောင် ဖက်လိုက်တယ်... ထုံယန်က လက်တစ်ဖက်ကို ငါ့နှဖူးပေါ်တင်ကာ အပူချိန်စမ်း၏....

သူ ဆက်စမ်းသပ်နေရင်း ငါ့ပါးပေါ်က ဒဏ်ရာကို တွေ့သွားသည်... ထို့နောက် သူ့ကိုငါ့နားဆွဲကာ အနမ်းပေးလိုက်၏.. ငါတို့ရဲ့ လျှာတွေက အချင်းချင်း လိမ်ယှက်နေပြီး သူက ငါ့အား သူ့ပေါင်ပေါ်တင်ထားသည်...

ထို့နောက် သူငါ့ကို ဆွဲခွာပေမဲ့ ငါကတော့ သူ့ကိုလိုချင်နေတယ်.. "ကျွန်တော့်အပိုင်ဖြစ်လာပေးနိုင်မလား?" ငါတောင်းဆိုနေပြီး အရှက်မဲ့စွာငိုနေတော့ သူက ခပ်ဖွဖွရယ်ကာ ငါ့မျက်ရည်တွေကို သုတ်ပေးလေသည်... "ကိုယ်က အမြဲတမ်း မင်းအပိုင်ပါ" သူပြန်ဖြေကာ ငါ့အား နက်နက်ရှိုင်းရှိုင်း နမ်းရှိုက်လေတော့၏...

ငါ့ကိုပွေ့ဖက်ထားနိုင်မလား(ဘာသာပြန်)                          Where stories live. Discover now