Unicode
ထုံယန်က ဝမ်ရှုရဲ့ကလေးကို စွန့်ပစ်ချင်သော်လည်း ငါက ကလေးရဲ့ဦးလေးဖြစ်နေတဲ့အပြင် ကလေးက ဖြူစင်တာကြောင့် စောင့်ရှောက်ဖို့ ဆုံးဖြတ်လိုက်၏... ကလေးက သူ့အဖေနဲ့ရော အမေနဲ့ပါ မတူဖို့ ငါမျှော်လင့်တယ်...
နှစ်နှစ်ကြာပြီးနောက် ကမ္ဘာကြီးကို သူတို့ရဲ့ လူနေမှုဘဝအတွက် ပိုအသုံးဝင်မဲ့ပစ္စည်းတွေကို ငါပြုလုပ်ပေးခဲ့တယ်... တကယ်တော့ အချိန်ခရီးသွားစက်နဲ့ မအိုဆေးကို စဉ်းစားနေတာကြာပြီ...
ငါ ကမ္ဘာကြီးကို လှည့်ပတ်ခရီးထွက်ချင်ပေမဲ့ ဒီရှေးခတ်ကာလမှာ နေရတာလည်းပျော်တယ်... အခန်းထဲနေ အစေခံထွက်သွားပြီးနောက် ငါတစ်ယောက်တည်းကျန်ခဲ့၏...
ငါက တရားဝင် ၁၈နှစ်ပြည့်ပြီးဖြစ်ပြီး အခုက လက်ထပ်ထားတဲ့ သတို့သမီးအသစ်ဖြစ်သည်... ငါ့ခေါင်းပေါ်က ပဝါကိုဖယ်လိုက်ပြီး မှန်ရှေ့သွားကာ မျက်နှာချေအမှုန့်တွေကို ဖယ်ပစ်လိုက်၏... ထို့နောက် အခန်းတံခါးပွင့်လာပြီး ငါ့ခင်ပွန်းဖြစ်သူဝင်လာလေသည်....
သူအိပ်ရာပေါ်မှာ ထိုင်ချလိုက်ပြီး သူအဝတ်အစားချွတ်ဖို့ ငါကူညီပေးလိုက်သည်... သူက ငါ့အား သူ့ဘေးကိုဆွဲချကာ ငါ့လက်တွေကို ဆုပ်ကိုင်ထားလေ၏...
ငါ့နှဖူးအား ညင်သာစွာအနမ်းပေးပြီး ငါ့မျက်ဝန်းထဲကိုစိုက်ကြည့်လေသည်... ငါ့ပါးပေါ်က ဆံပင်လေးကိုသပ်ပေးကာ သူ့ရင်ခွင်ထဲ ဆွဲဖက်လိုက်တယ်...
သူ့နှလုံးခုန်သံက ငါနဲ့ထပ်တူကျနေသည်... ငါသူ့ကိုပြန်ဖက်လိုက်ပြီး တိုးတိုးလေးပြောလိုက်သည်.... "ကျွန်တော် ခင်ဗျားကိုချစ်တယ်"သူကလည်း အလားတူစွာပြန်ပြောသည်... ငါနောက်တစ်ကြိမ်ချစ်မိသွားမယ်လို့ ဘယ်သူထင်ခဲ့မှာလဲ...
...............
၁၉ နှစ်ကြာသော်....
ငါ့ရှေ့မှာ ဒူးထောက်နေတာကတော့ ငါ့တူ ဝမ်ရှုရဲ့သားဖြစ်တယ်... သူက ချောမောခံ့ညားပြီး ကောင်းမွန်တဲ့ အုပ်ချုပ်သူအဖြစ်ကြီးပြင်းလာခဲ့၏...
"ငါဝမ်ကျင်းက ရှင်းနိုင်ငံရဲ့ ထီးနန်းကို မင်းဆီအပ်နှင်းမယ်... မင်းကရှင်းနိုင်ငံရဲ့ အုပ်ချူပ်သူအသစ်ဖြစ်လာလိမ့်မယ်.... မင်းရဲ့ဘိုးဘေးတွေ ဂုဏ်ယူရအောင်လုပ်မယ်လို့ ငါယုံကြည်ပါတယ်"

YOU ARE READING
ငါ့ကိုပွေ့ဖက်ထားနိုင်မလား(ဘာသာပြန်)
FantasyReader လေးတစ်ယောက်က တောင်းဆိုထားလို့ပါ Both Uni and Zawgyi ************ လုခယ့်ဟာ သူ့ရဲ့အသက်သုံးဆယ်ပြည့်မွေးနေ့တွင် နှလုံးရောဂါကြောင့်သေဆုံးသွားခဲ့ပြီးနောက် ရှေးခေတ်ကမ္ဘာတစ်ခုသို့ကူးပြောင်းသွားလေသည်... သို့သော်သူနိုးလာတဲ့အချိန်မှာ သူဟာ လယ်သမားမိသားစု...