Chapter-21

532 42 0
                                    

Unicode

နောက်ဆုံးတော့ အဆုံးသတ်မယ့်နေ့ ရောက်လာလေပြီ... ဧကရာဇ်ထုံယန်က ပလ္လင်ပေါ်မှာထိုင်နေပြီး ရဲမက်တွေက ဖုန်းဆွန်၊ ဝမ်ရှုနဲ့ ခေါင်းကိုအိတ်စွပ်ခံထားရသည့် အမျိုးသမီးတစ်ယောက်ကို ဖမ်းချုပ်ခေါ်လာကြသည်...

လူတိုင်းက ဒီအမျိုးသမီးဘယ်သူဆိုတာ သိချင်နေကြ၏... ထုံယန်က ရဲမက်တွေအား အိတ်ကိုဖယ်ရန်အမိန့်ပေးလိုက်သည်... ထိုအမျိုးသမီးကတော့ ဧကရီချွန်ရုံသာ ဖြစ်ပေသည်...

ဘေးကလူတွေအားလုံး ကြောင်အသွားကြ၏... ထုံယန်က ဘယ်သူ့ကိုမှ သက်ညှာမပေးပေ... ဝမ်ရှုကတော့  သူမကိုယ်ဝန်ကို အကြောင်းပြကာ ညှာတာပေးရန်တောင်းဆိုလေသည်...

"ဝမ်ရှုရဲ့ဗိုက်ကိုခွဲပြီး ကလေးကိုထုတ်လိုက်... ဒါပေမဲ့ ဝမ်ရှုကို သေအောင်ပစ်ထား" ထုံယန်မှာ သနားညှာတာမှုလုံးဝမရှိဘဲ အမိန့်ပေးလိုက်သည်... 

ဝမ်ရှုမှာ သနားညှာတာပေးဖို့ တောင်းပန်နေပေမဲ့ ထုံယန်ဆက်ပြောလိုက်တဲ့ စကားကြောင့် လူတိုင်း အံ့ဩထိတ်လန့်သွားလေ၏... "မင်းရဲ့ အဖေနဲ့အမေကို သတ်ပစ်တုန်းကရော သနားညှာတာမှုရှိခဲ့လို့လား"

ဝမ်ရှု ခေါင်းကိုငုံ့ထားရင်း တိတ်ဆိတ်စွာငိုကြွေးနေလေသည်... "သူမလျှာကိုဖြတ် မျက်လုံးကိုဖောက်ထုတ်ပြီးမှ ကလေးကိုထုတ်...ပြီးရင် သတ်ပစ်လိုက်တော့" ထုံယန်ပြောပြီးနောက် သူ့အာရုံက တုန်ယင်နေပြီဖြစ်တဲ့ ဖုန်းဆွန်ဆီရောက်သွားသည်...

ရဲမက်တွေမှာ ဝမ်ရှုရဲ့လျှာကိုဖြတ်ပြီး မျက်လုံးကိုဖောက်ထုတ်လိုက်ကြ၏... နောက်ရဲမက်တစ်ယောက်ကတော့ သူမဗိုက်ကိုခွဲကာ ကလေးကို ထုတ်ယူလေသည်...

ကလေးအား အစေခံတစ်ယောက်ဆီပေးပြီးနောက် ဝမ်ရှုကို သတ်လေတော့သည်... သူမတောင်းပန်ချင်သော်လည်း အသံမထွက်နိုင်တော့ပါပေ...

ရဲမက်က သူမသေတာသေချာသွားပြီးနောက် ခေါင်းကိုဖြတ်ကာ ဧကရာဇ်ဘက်လှည့်လိုက်သည်... ဝမ်ရှုသေသွားတာကို မျက်မြင်တွေ့လိုက်ရတဲ့ ချွန်ရုံမှာတော့ အသနားခံတောင်းပန်တော့လေသည်...

"မင်းတောင်းပန်နေရအောင် တစ်ခုခုအမှားလုပ်ခဲ့တာ ရှိလို့လား" ထုံယန်မေးလိုက်သည်...

ငါ့ကိုပွေ့ဖက်ထားနိုင်မလား(ဘာသာပြန်)                          Where stories live. Discover now