Chapter-17

539 49 0
                                    

Unicode

ရှင်းနန်းတော်ထဲတွင်...

ဧကရာဇ်ဖုန်းဆွန်ဟာအနားတွင် အလှလေးတွေခြံရံလျက် ပလ္လင်ပေါ်တွင် ထိုင်နေသည်... အချို့က‌တော့ သူ့ရှေ့မှာ ကပြဖျော်ဖြေနေကြပြီး ကျန်တဲ့လူတွေကတော့ သူ့နားမှာထိုင်တာ ပြုစုပေးနေ၏..

ဝင်ပေါက်တံခါးကပွင့်လာပြီး ဖောင်းကားနေတဲ့ဝမ်းဗိုက်နှင့် ဝမ်ရှုမှာ မျက်နှာမသာမယာဖြင့် ဝင်လာခဲ့လေသည်... "ဖုန်းဆွန်... ကျွန်မတို့စကားပြောရအောင်" သူမတောင်းဆိုလိုက်၏... ဖုန်းဆွန်က သူမရဲ့ သူ့အပေါ် ဒီလိုအရှက်ခွဲတဲ့အပြုအမူတွေကြောင့် ဒေါသထွက်သည်...

သူ အလှလေးတွေကို ထွက်သွားခိုင်းလိုက်တယ်... "ဝမ်ရှု... ပြောစရာရှိတာမြန်မြန်ပြောပြီး ငါရှေ့ကနေထွက်သွားတော့" သူပြောလိုက်တဲ့ပုံကြောင့် ဝမ်ရှုမှာ ပိုလိုတောင် ဒေါသထွက်သွား၏...

"ရှင်ကျွန်မကို ဘယ်လိုတောင် ဒီလိုပြောရဲတာလဲ... ကျွန်မတို့ သဘောတူညီချက်လုပ်ထားပေမဲ့ ရှင်က ပျက်ကွက်တယ်!!"

ဖုန်းဆွန်မှာ ရယ်စရာကောင်းတဲ့မိန်းမကို ရွံရှာမှုအပြည့်ဖြင့် ကြည့်လိုက်သည်... "ဘာသဘောတူညီချက်လဲ...မင်းလိုကောင်မကိုများ ငါ့ဧကရီအဖြစ်ထားရအောင် ငါအရူးမဟုတ်ဘူး"

ဝမ်ရှု စကားပြောဖို့ကြိုးစားပေမဲ့ ဖုန်းဆွန်က သူမအား အခွင့်အရေးမပေးဘဲ သူဆက်ပြောသည်... "စဉ်းစားကြည့်လေ... စည်းစိမ်အတွက် မိသားစုကိုသတ်ပြီး ပြီးတော့ မောင်ဖြစ်သူအပေါ် အပြစ်ပုံချတယ်... ပြီးတော့ တစ်စုံတစ်ယောက်အဖြစ် ဟန်ဆောင်ပြီး အရင်ဧကရာဇ်ရဲ့ အိပ်ရာပေါ်တက်ခဲ့တာပဲမလား.... ပြောလေ... မင်းလိုနောက်ကျောက ဓားတဲ့ထိုးတတ်တဲ့ လူတစ်ယောက်ကို ငါဘာလုပ်သင့်လဲ" 

ဝမ်ရှုမှာ ဖုန်းဆွန် သူမအားပြောနေတဲ့စကားတွေကို မယုံကြည်နိုင်ဖြစ်နေသည်... ဒီလူက သူမ နောက်ကို နေ့နေ့ညညလိုက်ပြီး သူ့အချစ်ကိုဖော်ပြကာ သူဧကရာဇ်ဖြစ်ရင် သူမကို ဧကရီမြှောက်မည်ဟု ကတိအထပ်ထပ်ပေးထားသူပင်... 

နောက်ဆုံးတော့ ဝမ်ရှုမှာ ထိုစကားတွေက သူလိုချင်တာရဖို့အတွက် အလိမ်အညာတစ်ခုပဲ ဆိုတာကို သိလိုက်လေပြီ... "ဒါဆို ကျွန်မတို့ကလေးကရော"  သူမ စိုးရိမ်တကြီးဖြင့် မေးလိုက်သည်... "ငါဂရုမစိုက်ဘူး... မင်းလုပ်ချင်တာလုပ်လိုက်" သူပြောရင်း သူမကို ထွက်သွားတော့ဖို့ အမူအရာပြလိုက်၏...

ငါ့ကိုပွေ့ဖက်ထားနိုင်မလား(ဘာသာပြန်)                          Where stories live. Discover now