Chapter-18

525 45 0
                                    


Unicode

ဝမ်ရှုအခန်းထဲမှာရှိနေတုန်း အစောင့်တစ်ယောက်က သူမကို လာခေါ်သည်.... အစောင့်နောက်ကနေလိုက်ပြီး ညီလာခံခန်းမဆောင်ကိုရောက်တော့ သူမရှေ့တွင် ဧကရာဇ်(ဖုန်းဆွန်)နဲ့ ဧကရီ ထိုင်နေ၏...

အခြားကိုယ်လုပ်တော်တွေနဲ့ အမတ်တွေကတော့ သူမ အပြုအမူတိုင်းကို စောင့်ကြည့်နေသည်... "ဧကရာဇ်... ကျွန်တော်မျိုးမကို ဘာကြောင့် ဆင့်ခေါ်တာပါလဲ" ဧကရာဇ်ရှေ့မှာ ဦးညွှတ်ရင်း ဝမ်ရှုမေးလိုက်သည်....

စိတ်ထဲမှာတော့ သူမကို အရူးလုပ်ခဲ့တဲ့ဖုန်းဆွန်ကို သတ်ပစ်ချင်နေပမဲ့လည်း သူမနောက်မှာ အာဏာမရှိတာကြော်င့ လောလောဆယ် စိတ်လျှော့ထားရုံသာ တတ်နိုင်သည်...

"ဝမ်ရှု.... မင်းကိုဘာလို့ ဆင့်ခေါ်ရတာလဲဆိုတော့ မင်း ကိုယ်လုပ်တော် ဇီဝမ်ကို သတ်လိုက်တဲ့ ကိစ္စကြောင့်ပဲ... မင်းမှာဘာပြောစရာရှိသေးလဲ"

"ဘာရယ်! ကိုယ်လုပ်တော်ဇီဝမ်ကို သတ်ဖို့မပြောနဲ့... ကျွန်မသူ့ကိုသိတောင်မသိဘူး!!"

"မင်းရဲ့ ကိုယ်ပိုင်အစေခံတွေအပါအဝင် ငါကိုယ်တော်မှာ မျက်မြင်သက်သေခြောက်ယောက်ရှိတယ်"

"ကျွန်မကျိန်ရဲတယ်! ကျွန်မလုံးဝမလုပ်ခဲ့ဘူး!"

"ကျိန်ဆိုဖို့အတွက် နောက်ကျသွားပြီ... မင်းရဲ့အပြစ်အတွက် အပြစ်ဒဏ်ခံရမယ်"

"ဒါပေမဲ့ ကျွန်မမှာ ကိုယ်ဝန်ရှိတယ်... နာကျင်မှုကို သည်းမခံနိုင်ဘူး ကျေးဇူးပြုပြီးကျွန်မကို ညှာတာပေးပါ"

"ကိုယ်ဝန်ရှိရှိ မရှိရှိ မင်းလုပ်ခဲ့တဲ့ အပြစ်အတွက် အပြစ်ပေးခံရမယ်... မင်းကို ခေါင်းဖြတ်အပြစ်ပေးရမှာ ဆိုပေမဲ့ ကိုယ်ဝန်ရှိနေတာကြောင့် ကြိမ်ဒဏ် ၆၀၀ ခံရမယ်... နှေးပေမဲ့ နာကျင်ရတဲ့ သေဆုံးခြင်းပေါ့"

"ရှင်..လူယုတ်မာ! ကျွန်မကျိန်ဆိုမယ်... ရှင်ရဲ့သေခြင်းတရားက ကျွန်မထက် နာကျင်ခံစားရပါစေ"

သူမကို ဖမ်းချုပ်ထားသူတွေဆီမှ အော်ဟစ်ရုန်းကန်နေ၏... ထို့နောက် သူမလက်တွေကို ကြိုးတုပ်ကာ တိုင်တစ်တိုင်မှာကပ်ချည်ပြီး ရိုက်နှက်လေတော့သည်...

ငါ့ကိုပွေ့ဖက်ထားနိုင်မလား(ဘာသာပြန်)                          Where stories live. Discover now