Part5

37.6K 2.3K 268
                                    

Uni

စိုင်းစစ်စာရင်းတွေကားပေါ်မှာကြည့်နေရင်းမျက်လုံးထောင့်ကအရိပ်လေးကိုတစ်ချက်ငေးကြည့်မိသည်။သူနဲ့လာတုန်းကလိုကပ်မထိုင်တော့ဘဲကားတံခါးနားကိုကပ်ထိုင်နေသူကဘဏ်ကဒ်ပေးမသုံးလို့စိတ်ကောက်နေတယ်ဆိုတာအရှေ့ကနှစ်ကောင်ပြောလို့သူသိထားသည်။

" ကားတံခါးကလော့ပျက်နေတာနော် မတော်လို့ပြုတ်ကျသွားရင်သေသွားမယ်။ "

  ထိုသို့ပြောလိုက်မှသူ့အားကြည့်လာကာဘေးကိုအနည်းငယ်တိုးကပ်လာသူဟာသေရမှာတော့အသေကြောက်။

" ဗိုက်ဆာတယ်..."

" ဘာစားမလို့လဲ။ "

  သူ့အားခေါင်းလေးစောင်းကပြောလာသူကိုစိုင်းစစ်ပြန်မကြည့်ဘဲစာရင်းချုပ်တွေကိုကြည့်ရင်းဆိုလိုက်သည်။

" ရေ ခဲ မုန့် "

" ချောင်းဆိုးလိမ့်မယ် ဗိုက်လဲဝမှာမဟုတ်ဖူးအဲ့တာ..."

" ဘောစ့်ရယ်အကိုလေးကကလေးဘဲ သူကြိုက်တာစားပါစေလား။ "

  ဖြိုးပိုင်ကကားမောင်းရင်းနောက်ကြည့်မှန်ကနေကြည့်​ပြောလိုက်တော့သူ့ဆီရောက်လာတဲ့အကြည့်စူးစူးတစ်ခု။

" ငါကသူ့အုပ်ထိန်းသူ ငါပြောတာဘဲနားထောင်ရမယ်!! "

" တစ်ခါတလေစားတာဘဲကို...ဟွန့် ပါးပါးတောင်အဲ့လောက်ထိမဟုတ်ဖူး။ "

" အဲ့တာကြောင့်ပြောနေတာပေါ့ ခေါက်ဆွဲကြော်စား..."

" ရေခဲမုန့်စားမှာ..."

" မရဘူးခေါက်ဆွဲကြော်ဘဲစားရမယ်..."

" ရေခဲမုန့်စားမှာ..."

" တိမ်လွှာဘုန်းမြင့်!!! "

  နှစ်ယောက်သားငြင်းနေရင်းစိုင်းစစ်ရဲ့အသံကျယ်တစ်ခါအဆုံးတိမ်လွှာတစ်ယောက်ငြိမ်ကျသွားကာမျက်မှောင်တွေကျုံ့မိလို့။

" ကားရပ်ပေး လမ်းလျှောက်ပြီးဘဲပြန်မယ်..."

" ရပ်ရဲရပ်ကြည့်လိုက်...ငါကမင်းအုပ်ထိန်းသူနော် မင်းချွဲချင်ရစ်ချင်မင်းအဖေသွားလုပ် ငါ့လာလုပ်ရင်ဘာအကျိုးမှရမှာမဟုတ်ဖူး။ "

ငယ်သူမို့....ဆိုး ( completed ) Where stories live. Discover now