Part27

20.8K 1.1K 104
                                    

uni

   တစ်လမ်းလုံးတိမ်လွှာကညောင်းတယ်ဆိုလို့တိမ်လွှာကိုယ်လေးကိုကုန်းပိုးကာအိမ်ပြန်လာတဲ့ကိုကိုဟာအပြုံးမပျက်။

" ကိုကိုညောင်းရင်တိမ်လွှာ့ကိုအောက်ချပေးလို့ရတယ်နော်...."

" မင်းကိုယ်လေးကငှက်မွှေးသာသာကို ကိုယ်မညောင်းပါဘူးသည်းငယ်ရယ်..."

  ကိုကိုအပြောကြောင့်တိမ်လွှာကိုကို့ပုခုံးလေးပေါ်ခေါင်းတင်ထားရာကနေပြုံးရယ်မိသည်။ကိုကိုကလေတကယ့်အလည် သူများလိုက်တုန်းကချေခဲ့တာဘယ်သူများလဲနော်။

" မနက်ကျကိုယ့်ကုမဏီလိုက်ခဲ့ချင်လား..."

" လိုက်လို့ရလို့လား...သူများတွေတစ်မျိုးထင်သွားပါအုံးမယ်ကိုကိုရယ်..."

" ဘယ်လိုတစ်မျိုးတုန်းသည်းငယ်ရယ် ဘာကိုစိတ်ပူနေရတာတုန်း..."

" ဟိုဟာ...ကုမဏီကလူတွေကကိုကို့ကိုယောက်ကျားချင်းကြိုက်တဲ့လူဆိုပြီးအထင်သေးကြမှာကို...ကျွန်တော်ကိုကို့ကိုအဲ့လိုလာထင်မှာမျိုးလက်မခံနိုင်ဘူး။ "

  ကလေးငယ်အပြောကြောင့်စိုင်းစစ်ပြုံးသာပြုံးမိသည်။တိမ်လွှာ့ကလေတကယ့်အတတ်လေး သူ့လောက်တတ်တာလဲသူဘဲရှိ။

" ကိုယ့်ကိုဘယ်သူကအထင်သေးရဲမှာလဲအချစ်ရယ်...သူတို့လာအထင်သေးကြည့်ပါလားကိုယ်ကသူတို့ဘဝကိုအောက်ဆုံးအထိဆွဲချသွားမှာ ကိုကိုကမီလီယံနာသူဌေးလေ ဟားဟားး "

" သူများတွေကိုကို့ကိုအထင်သေးတာကိုကျွန်တော်မကြိုက်ဘူး...ပိုဆိုးတာကကျွန်တော့်ကြောင့်ဆိုတာကြီးကိုသဘောမကျဘူး။"

" သည်းငယ်ရယ် ဘာလို့ကိုယ့်ဘက်ကိုဒီလောက်တွေပေးနေရတာလဲကွာ ကိုယ့်ဘက်ကိုယ်ယက်တဲ့လိပ်ကလေးလဲလုပ်စမ်းပါအုံး။ "

" ချစ်တာကို...ချစ်လွန်းတော့ကိုယ်ချစ်ရတဲ့လူကိုအထိကိုမခံချင်တာ..."

  တကယ်ပါကလေးငယ်ကိုသူအရှုံးပေးမိပါသည်။သကားရည်လဲပြိုင်မလုနိုင်ပါဘူးအချစ်ရယ်မင်းသာနိုင်ပါတယ်...

            ==================

" မဂ်လာပါဘောစ့်..."

ကားထဲကနေထွက်တာတာနဲ့ကုမဏီရှေ့ကအသင့်စောင့်နေတဲ့ဘော်ဒီဂတ်နှစ်ယောက်ဖြိုးပိုင်နဲ့အာကာကနှုတ်ဆက်လာတာကြောင့်တိမ်လွှာကိုကို့နောက်ကနေခေါင်းလေးပြူထွက်လို့ပြုံးပြလိုက်သည်။အခုတလောအကိုတို့နှစ်ယောက်ကအလုပ်ရှုပ်နေသည်ဆိုလို့မတွေ့တာပင်အတော်ကြာပင်လေသည်။

ငယ်သူမို့....ဆိုး ( completed ) Where stories live. Discover now