Part28

20K 1K 54
                                    

Uni

နှစ်ယောက်သားနေ့လည်စာအတူစားအပြီးပန်းခင်းကြီးတစ်နေရာကိုကားလေးနဲ့ထွက်လာလိုက်ကြသည်။ထိုနေရာကတော့နှင်းဆီပန်းခင်းကြီးတစ်ခု...ရောင်စုံအောင်လှပတဲ့နှင်းဆီပန်းတွေဟာသိပ်ကိုလှတာ...နှင်းဆီတွေကြိုက်တဲ့တိမ်လွှာဟာလဲသိပ်ကိုလှပါသည်။

" အင်းးးလေလေးကမွှေးနေရော...အေးချမ်းလိုက်တာ..."

  ပန်းခင်းတွေကြားကလမ်းကြားသေးသေးလေးထဲကိုပြေးဝင်သွားကာအော်ပြောလို့တကိုယ်လုံးကိုလှည့်ပတ်နေတဲ့ကလေးလေးဟာနေရောင်အောက်မှာသိပ်လှတဲ့ပန်းကလေး။

" ကိုကိုလာဓာတ်ပုံရိုက်ကြမယ်လေ..."

" ကိုကိုရိုက်ပေးမယ် အဲ့အတိုင်းလေးနေ.. "

  ဖုန်းကင်မရာလေးအားထုတ်လို့ကင်မရာကိုချိန်ကာဆိုလိုက်တော့ပန်းခင်းကြီးပါပါအောင်ခါးလေးစောင်းလို့ပါးလေးမှာအသဲပုံလက်ကလေးလုပ်လာသူလေး။

  ချစ်စရာပုံလေးကိုအမီအရဖမ်းလို့စိုင်းစစ်ဓာတ်ပုံရိုက်ဖို့လဲလက်မနှေး။တစ်ပုံပြီးတစ်ပုံကလေးငယ်စိတ်တိုင်းကျရိုက်ပေးပြီးသူ့ဆီကိုပြေးလာကာသူ့ရဲ့လက်တစ်ဖက်ကိုလာဆွဲယသလေး။

" လာကိုကို...စုံတွဲပုံရိုက်ကြမယ်..."

" အာကလေးဘဲရိုက်ပါကွာ.."

" လာပါဆိုဖုန်းပေး..."

  လက်ထဲကဖုန်းကိုဆွဲလုလို့အရှေ့ဘက်ကင်မရာကိုလှည့်ကာဖနြ်းလေးကိုစောင်းလို့ဓာတ်ပုံရိုက်ရန်ပြင်လာသူလေးဟာပြုံးရယ်ကာပျော်ရွှင်လို့။

" ရိုက်မယ် ၁ ၂ ၃ ချီစ့်..."

  ကင်မရာထဲမဆန့်မှာစိုးလို့စိုင်းစစ်ခင်မျာခါးကိုအနည်းငယ်ကုန်းပေးလို့ကင်မရာထဲပါအောင်လုပ်ရလေသည်။နှစ်ယောက်သားဓာတ်ပုံရိုက်လို့အပြီးနှင်းဆီခင်းကြီးရဲ့ကြားကအရိပ်ရသစ်ပင်ကြီးအောက်မှာဝင်ထိုင်ကြလေသည်။

" အေးချမ်းလိုက်တာ ကိုကိုနဲ့ဒီလိုလျှောက်လည်ရတာ..."

" ကိုယ်ရောပါဘဲကွာ..."

  နှစ်ယောက်သားအရိပ်ရသစ်ပင်ကြီးအောက်မှာပစ်လှဲကာပြောရင်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာပြုံးရယ်မိသည်။ကလေးငယ်ကကောင်းကင်ပြာပြာကြီးကိုကြည့်ကာရွေ့လျားနေတဲ့တိမ်တွေကိုငေးကြည့်လို့။

ငယ်သူမို့....ဆိုး ( completed ) Where stories live. Discover now