Part25

24.3K 1.3K 132
                                    

" စာမေးပွဲမှာအဆင်ပြေပါစေကလေးငယ်..."

   ကားပေါ်ကဆင်းဆင်းချင်းကိုကို့ရဲ့အပြောကြောင့်တိမ်လွှာပြုံးရယ်မိသည်။

" ညနေကျသူငယ်ချင်းတွေနဲ့စာအတူကျက်မှာမို့တစ်ယောက်တည်းပြန်လာခဲ့မယ်နော်...ရတယ်ဟုတ်!! "

" ဘယ်သူ့အိမ်မှာလဲ..."

" ကိုကိုရယ်ကျွန်တော့်ဆီမှာသူငယ်ချင်းဘယ်နှစ်ယောက်ရှိလို့လဲ လုပ်ပါနော်နောက်မကျစေရပါဘူး ကတိပေးပါတယ်။ "

" အင်းပါအင်းပါ...ရောက်ရင်လဲစာလေးဘာလေးပို့ထား...ကိုယ့်ကိုစိတ်ပူအောင်မလုပ်နဲ့နော်သည်းငယ် ဆိုတော့ဂရုစိုက်ဖြေ သွားပြီ!! "

   တိမ်လွှာခေါင်းတငြိမ့်ငြိမ့်ဖြင့်သာကိုကို့ကိုလက်ယမ်းကာတာ့တာပြလို့ကားလေးထွက်သွားမှကျောင်းထဲဝင်လာလိုက်သည်။ဒီနေ့ကအဂ်လိပ်စာဖြေရမည့်နေမို့ပေါ့ပေါ့ပါးပါးသာ။စာတွေအားလုံးကလဲပိုင်ပြီးသားတွေမို့သူများတွေလိုလဲပြန်နွှေးနေစရာမလို။အကောင်းဆုံးကျူရှင်ဆရာမကိုငှားပေးထားတဲ့ကိုကို့ကိုတော့ကျေးဇူးတင်မိတာအမှန်။

" လူနာ ဝင်လို့ရပါပြီနော်။ "

" အာဟုတ်ကဲ့။ "

  တိမ်လွှာလက်ကမ်းစာစောင်လေးအားဖတ်နေရင်းနာ့စ်မလေးကအခန်းထဲဝင်ရန်ပြောလာတာမို့ခေါင်းလေးငြိမ့်ကာသာလွယ်အိတ်ကျိုးလေးကိုတင်းနေအောင်ဆွဲမိလို့အခန်းထဲဝင်မိသည်။

  ဖြေပြီးသည်နှင့်တိမ်လွှာ့မှာဒီဆေးရုံကိုရောက်ဖို့ကားစီးလာရတာ။ကိုကို့ကဒ်ထဲကထုတ်သုံးရင်ကိုကိုသိမှာစိုးလို့ ကားခကိုသူငယ်ချင်းနှစ်ယောက်ဆီကနေချေးလာရလေသည်။

" ဝင်ခွင့်ပြုပါ.."

" အော်...လူနာကယောကျာ်းလေးဘဲ "

" ဟုတ်ကဲ့အားနာမိပါတယ်တိုင်ပင်စရာလေးရှိလို့ရောက်လာတာပါ..."

   တိမ်လွှာကုပ်ကုပ်လေးဖြင့်ဒေါက်တာဆရာမရဲ့အရှေ့ကထိုင်ခုံလေးမှာဝင်ထိုင်မိတော့ဒေါက်တာကတပြုံးပြုံးဖြင့်။

" မင်းလေးကငယ်ပါသေးတယ် တကယ်ကြီးအဲ့တာကိုလုပ်ဖို့လိုလို့လား..."

ငယ်သူမို့....ဆိုး ( completed ) Where stories live. Discover now