Part18

27.9K 1.6K 148
                                    

Uni

   စိုင်းစစ်သူ့ရင်ခွင်ကိုမှီလို့ကြယ်တွေကိုမော့ကြည့်နေတဲ့ကလေးငယ်ကိုငုံကြည့်မိတော့မျက်တောင်ဖျားလေးတွေမှာအရည်လေးတွေလက်နေတာကြောင့်တစ်ချက်လှုပ်မိတော့သူ့အားမဲ့မဲ့လေးမော့ကြည့်လာသူ။

" ငိုနေတာလား.."

" မဟုတ်တာ...မျက်လုံးထဲအမှုန်ဝင်သွားလို့ပါ..."

" ပြကြည့်ကိုယ်ကြည့်ပေးမယ်။ "

  ငိုချင်နေတာကိုတမင်တကာလိမ်လည်ကာပြောဆိုလာသူကြောင့်စိုင်းစစ်ကလေးငယ်ရဲ့မျက်နှာလေးကိုအုပ်ကိုင်ကာကြည့်မိတော့သူ့အကြည့်တွေကိုရှောင်လွှဲသွားသူလေး။ညဘက်မို့လေအေးတွေကတိုက်နေတာမို့နှာထိပ်လေးဟာလဲရဲလို့။

" ကိုယ်ပြောတာနားထောင် ကိုယ့်ကိုယုံတယ်မှတ်လား.."

" အင်း...ယုံတယ်ဆိုပေမဲ့ကျွန်တော့်ကိုလိမ်တာကိုတော့မုန်းတယ်နော်။ "

   ကလေးငယ်အပြောကြောင့်စိုင်းစစ်ခနတွေဝေမိသွားသည်။အင်းပေါ့ လိမ်တာကိုမုန်းတယ်ဆိုတော့လဲမုန်းပေါ့ကလေးငယ်ရယ်...မင်းအဖေအကြောင်းကိုယ်လိမ်ထားရတာကလဲမင်းနာကျင်မှာစိုးလို့လေ...

" ကိုယ်....တစ်ခုခုကိုလိမ်ထားမိမယ်ဆိုရင်ကောမုန်းမှာလား။ "

" ကျွန်တော်ကစိတ်ပျက်သားတဲ့လူတစ်ယောက်ပါ...လူတစ်ယောကိုစွဲလမ်းတတ်သလိုမေ့ပစ်ဖို့လဲဝန်မလေးပါဘူး...ဒါပေမဲ့ ကျွန်တော်ကိုကို့ကိုမုန်းဖို့မပြောနဲ့မေ့ဖို့လေးတောင်စိတ်ထဲမရှိပါဘူး။ "

ကလေးငယ်အပြောကြောင့်စိုင်းစစ်အနည်းငယ်စိတ်သက်သာရာရပေမဲ့လဲသူလိမ်ထားတဲ့အကြောင်းကိုအစုံအလင်သိသွားပါကဒီကောင်လေးမုန်းမည်တော့သေချာမည်။

" ကိုယ်..."

" ကြယ်ကြွေပြီ!! ဆုတောင်းရမယ် ဟီးးး "

  စကားတောင်မဆုံးသေးကြယ်ကြွေတာကိုအာရုံရောက်သွားတဲ့ကလေးငယ်ကပြုံးရယ်လို့လက်ကလေးစုအုပ်ကာဆုတောင်းရှာသည်။ဒီတစ်ခေါက်တော့ကိုယ်လဲဆုတောင်းရမယ်ထင်တယ်...

   တိမ်လွှာမျက်စိမှိတ်ကာဆုတောင်းပြီးမျက်စိအားဖွင့်ကြည့်လိုက်တော့သူ့ဘေးမှာဆုတောင်းနေတဲ့ကိုကိုကြောင့်ကြောင်သွားသည်။ကိုကိုကဒါတွေယုံတယ်ပေါ့...

ငယ်သူမို့....ဆိုး ( completed ) Where stories live. Discover now