Part15

29.3K 1.7K 103
                                    

Uni

တိမ်လွှာသူ့ရှေ့ကဘေးချင်းကပ်ထိုင်ကာငြိမ်သက်နေတဲ့နှစ်ကောင်ကိုတုတ်တစ်ချောင်းကိုင်ထိုင်ကြည့်နေမိသည်။မင်းထင်ဘက်ကသဘောကျကြောင်းသိသည်နှင့်ဂုတ်ကဆွဲကာစေရာရှိတဲ့တိုက်ခန်းကိုဆွဲခေါ်လာခြင်း။

လက်ထဲကတုတ်ကတော့သောက်တလွဲပြောရင်ဆွဲရိုက်မလို့။စိတ်ကသိပ်ရှည်တာမဟုတ်ဘူး သူငယ်ချင်းအချင်းချင်းတွေမို့ကူညီတာ မဟုတ်ရင်သူများအချစ်ရေးဖင်တောင်ဝင်မယားဘူး။

" ဟိုကောင် ပြောလေ..."

" ဟမ်...အာ...တောင်းပန်ပါတယ် ချစ်နေတာကိုမဖွင့်ပြောမိတာ "

တုတ်နဲ့လှမ်းခြောက်လိုက်မှအထစ်ထစ်အငေါ့ငေါ့နဲ့ပြောလာတဲ့မင်းထင်ရဲ့စကားအဆုံးစေရာအံ့သြမိသည်။ဘယ်လိုဖြစ်လို့...

" ငါလဲမင်းကိုသဘောကျခဲ့တာကြာပါပြီ ဒါပေမဲ့ဖွင့်ပြောလိုက်ရင်သူငယ်ချင်းဆက်ဆံရေးပျက်စီးသွားမှာကြောက်နေမိလို့..."

မင်းထင်အပြောကြောင့်စေရာခေါင်းလေးငုံ့မိသည်။သူတို့နှစ်ယောက်ရဲ့အချစ်ကထူးဆန်းနေလိုက်တာများ ကြားကတိမ်လွှာပင်စိတ်ညစ်လာလေပြီ။

" ဘယ်အချိန်ကတည်းကကြိုက်တာလဲပြော!! စေရာ..."

" မ...မနှစ်လောက်ကပါ "

" မင်းကော..."

မင်းထင်ကိုမေးအပြီးတိမ်လွှာကောစေရာကောမင်းထင်ရဲ့အဖြေကိုတမျှော်တကြီးစောင့်မိတော့ထွက်လာတဲ့အဖြေကနှစ်ယောက်လုံးကိုမျက်လုံးပြူးစေသည်။

" ၆....၆ တန်းကတည်းကပါ "

" ဟမ်!!! ၆တန်းတည်းက...အမလေးဘုရားဘုရား "

မင်းထင်ရဲ့အဖြေစကားကြောင့်တိမ်လွှာကိုယ့်ရင်ဘတ်ကိုဖိမိသလိုစေရာကလဲမယုံနိုင်တဲ့အကြည့်တွေဖြင့်။၆တန်းကတည်းကဆိုအခုလောက်ဆိုကြိုက်လာတာ၆နှစ်လောက်ရှိပြီပေါ့ကွ...ဒီကောင်တော်တော်နှုတ်လုံတာဘဲ။

" အဲ့တုန်းကငယ်သေးလို့စိတ်ကစားတာလို့ဘဲထင်ခဲ့ပေမဲ့ စေရာရဲ့အကြည့်တွေကငါ့ကိုပြောင်းလဲသွားစေခဲ့တယ်...မဖွင့်ပြောခဲ့တာကလဲငါကြောက်နေခဲ့လို့...သူငယ်ချင်းကနေသူစိမ်းတွေဖြစ်သွားမှာကို...အဲ့တာကြောင့်ငါစိတ်ပြောင်းလဲသွားအောင်မိန်းကလေးတွေနဲ့တစ်ယောက်ပြီးတစ်ယောက်တွဲခဲ့ပေမဲ့ အဆင်မပြေခဲ့ဘူးလေ။ "

ငယ်သူမို့....ဆိုး ( completed ) Where stories live. Discover now