Part24

25.4K 1.3K 76
                                    


  တိမ်လွှာဖုန်းမျက်နှာပြင်ပေါ်မှာပေါ်နေတဲ့ပါးပါးရဲ့မျက်နှာကိုကြည့်ရင်းမျက်ရည်တွေဝဲမိသည်။ဆေးရုံဝတ်စုံနဲ့ပါးပါးကနွမ်းနဲလို့...ဘာလို့ကျွန်တော့်ကိုပေးမသိရတာလဲ။

   ( ငိုမနေပါနဲ့သားလေးရယ်...သားလေးငိုရင်ပါးပါးနဲ့လဲဝမ်းနည်းရတယ်...)

" ဟင့် သားဘယ်လောက်ကိုယ့်ကိုကိုယ်စိတ်ပျက်မိလဲသိလား...အဖေဖြစ်သူရောဂါဖြစ်နေတာတောင်သိခွင့်မရဘူးလေ ဒါဆိုတစ်ခြားပြဿနာတွေကိုကောသားကိုဖုံးကွယ်ထားတာလား။ "

  ဖုန်းVcကနေပါးပါးကတစ်ဖက်ကလှမ်းပြောတာမို့တိမ်လွှာမျက်ရည်တွေသုတ်ရင်းပြောမိတော့ပါးပါးကခပ်အေးအေးသာပြုံးလာလေသည်။ဘေးကကိုကိုကတော့ဘာမှဝင်မပြော။

( ဥက္ကဋ္ဌ...)

" ကျွန်တော်တောင်းပန်ပါတယ် ရအောင်ဖုံးကွယ်ခဲ့ပေမဲ့...ကျွန်တော့်ရဲ့ပေါ့ဆမှု့ကြောင့်ပါ တကယ်တောင်းပန်ပါတယ်။ "

( ဟားဟားးး တောင်းပန်ရမှာကျွန်တော်ကပါ ကျွန်တော်ကလိမ်ခိုင်းခံလို့သာပါဥက္ကဋ္ဌ အခုလဲစိတ်မပူပါနဲ့မကြာခင်ကျွန်တော်ပြန်လာတော့မှာပါ....)

" ဆိုလိုတာက..."

( ဟုတ်ပါတယ် ဆေးကုသမှု့အောင်မြင်လို့ပါ...ဒီလောက်ဆိုတိမ်လွှာလေးစိတ်မဆိုးသင့်တော့ဘူးနော် ပါးပါးပြောတာနားလည်လား။)

   ပါးပါးအပြောကိုတိမ်လွှာ့ခေါင်းသာငြိမ့်ပြမိသည်။vcခေါ်ပြီးတော့ကိုကိုကဖုန်းချရင်းသူ့အားကြည့်လာသည်ကိုတိမ်လွှာလျစ်လျူရှုထားလိုက်သည်။

" ကိုယ့်ကိုစိတ်ဆိုးနေသလားသည်းငယ်..."

" .... "

" ဦးလေးကိုယ်တိုင်လဲရှင်းပြပြီးပြီဘဲကို...ကိုယ့်မှာအမှားမကင်းဖူးဆိုတာဝန်ခံပါတယ် ဒါပေမဲ့...စိတ်မဆိုးပါနဲ့။ "

  အခုမှစိတ်မဆိုးပါနဲ့တဲ့လေ...အစကတည်းကစိတ်ဆိုးမခံချင်မလိမ်ခဲ့ဘဲပါးပါးပြောတာကိုငြင်းခဲ့ပါရောလား။ဒါဆိုသူ့စိတ်ဆိုးအုံးမလား။

" ကိုယ်မင်းစိတ်ဆိုးပြေတဲ့အထိချော့မယ်...တောင်းပန်စေချင်တာလား ကိုယ့်ကိုဖြစ်စေချင်တာကိုပြောပြစမ်းပါ။ "

ငယ်သူမို့....ဆိုး ( completed ) Where stories live. Discover now