Part29

19.1K 1K 90
                                    

" ဟင့် မားမား...မားမား..."

  လေဆိပ်ကိုရောက်တာနဲ့ကားထဲကနေပြေးထွက်ကာငိုယိုလို့သူ့မားမားကိုရှာနေသူလေး။ဘာလို့ရုတ်တရက်ကြီးသူ့အမေကိုရှာနေရတာလဲစိုင်းစစ်မမေးအားဘဲကလေးငယ်နောက်ကိုသာလိုက်ရလေသည်။

" အမေရိကကိုသွားမဲ့လူစာရင်းကိုစစ်ပေးလို့ရမလား...ကျေးဇူးပြုပြီး..."

" အာအဲ့တာကမရ..."

" အခုစစ်ပေး..."

  တိမ်လွှာ့အပြောကိုလေဆိပ်ကဝန်ထမ်းမလေးကငြင်းဆိုဖို့ပြင်ပေမဲ့အနောက်ကစိုင်းစစ်ကိုမြင်တော့ချက်ချင်းစစ်ပေးရန်ပြင်လေသည်။စိုင်းစစ်ဂုဏ်ရှိန်လိုလူကိုမသိတဲ့လူကခပ်ရှားရှား။

" နာမည်ဘယ်သူလဲပြောပေးပါ..."

" ဒေါ်နီနီပါ..."

' အဲ့လေယာဥ်ကမကြာခင်ထွက်တော့မှာပါ...ပြီးတော့..."

  စကားတောင်မဆုံးသေးတစ်နေရာရာကိုပြေးထွက်သွားသူကြောင့်စိုင်းစစ်ခင်မျာကျစ်တစ်ချက်စုပ်သတ်လို့အနောက်ကနေလိုက်ရလေသည်။

" မားမား....မားမား..."

  လူအများကြီးထဲကိုတိုးဝင်ကာလှည့်ပတ်လို့ရှာနေပေမဲ့မတွေ့။မျက်ရည်တွေဟာလဲမကုန်နိုင်စီးကျကာအဝေးကိုတောင်မတွေ့ရတော့..ခနတာလေးမှာဘဲတွေ့လိုက်ရတဲ့ခပ်လှမ်းလှမ်းကအရိပ်လေး...

" မားမား...မားမား!!! "

   သူ့ခေါ်သံအဆုံးလှည့်ကြည့်တဲ့မျက်နှာလေး။ဟုတ်တယ်ဒါမားမားဘဲ...တိမ်လွှာအားလျော့နေတဲ့ခြေထောက်တွေကိုအားကုန်သုံးကာထွက်သွားဖို့ပြင်နေတဲ့မားမားဆီကိုပြေးကာဖက်လိုက်သည်။

  စိုင်းစစ်ကတော့သူ့ကိုဘာမှမပြောဘဲပြေးလွှားနေတဲ့ကောင်ငယ်လေးနောက်ကိုလိုက်ရကာနောက်ဆုံးတော့သူ့မားမားရဲ့ရင်ခွင်ထဲမှာငိုယိုနေသူလေး။

' တောင်းပန်ပါတယ် ထပ်ပြီးထွက်မသွားပါနဲ့တော့မားမားး တောင်းပန်ပါတယ် ဟင့် "

   ဒေါ်နီနီသူ့ရင်ခွင်ထဲကငိုယိုကာတောင်းပန်နေတဲ့သားလေးရဲ့ဆံပင်လေးတွေကိုဖွပေးကာနမ်းရှိုက်မိသည်။အရင်လိုမွှေးနေတုန်းဘဲ...သူကိုယ်တိုင်လိမ်းပေးတဲ့ဂျယ်လေးကိုအခုထိသုံးနေတဲ့အတွက်ဝမ်းသာမိသည်။

ငယ်သူမို့....ဆိုး ( completed ) Where stories live. Discover now