Part23

25.6K 1.4K 81
                                    

" ဝုန်းးး "

  ကျယ်လောင်တဲ့အသံဟာစိုင်းစစ်ရဲ့အိမ်ကြီးထဲပျံ့နှံ့လို့။ဧည့်ခန်းထဲမှာစိုင်းစစ်နဲ့စစ်ဂုဏ်နှစ်ယောက်သားစိတ်ပျက်လက်ပျက်ဖြင့်ထိုင်နေမိသည်။ဟိုနှစ်ယောက်ကတော့အပေါ်ထပ်မှာသောင်းကျန်းနေလေရဲ့...

  ဖွားစိန်ဘဲကောင်း၏။တရားစခန်းသွားတာပြန်ကိုမလာတော့ဘူးကြည့်ရတာမြေးသမက်နှစ်ယောက်အကြောင်းကောင်းကောင်းကြီးသိနေတဲ့ပုံ။

" အားးးပင်လယ်စာစားချင်ထယ်...လူယုတ်မာကြီးဝယ်ကျွေးးးး "

   အပေါ်ထပ်ကနေပြေးဆင်းလာကာလူကိုယ်ပေါ်လာတက်ထိုင်ကာအကျီရင်ဘတ်စကိုဆွဲ၍လှုပ်ယမ်းသည့်တိမ်လွှာဟာ၅နှစ်သားလေးအလား။

" ပုစွန်ပါတယ်လို့ကိုကိုပြောထားတယ်လေကွာ...."

" စားမယ်...အဲ့ပုစွန်တွေမထည့်ခိုင်းနဲ့ စားချင်တယ်..."

" ရိုက်ခံရတော့မယ်မစားရပါဘူးဆို..."

" ကိုရှိန် ပင်လယ်စာစားချင်တယ်..."

" ဟော စားရမှာပေါ့ဗျာ ကိုယ်မှာပေးမယ်။ "

   တိမ်လွှာ့ခင်မျာဘေးကသွေးတို့အတွဲကိုကြည့်ကာနှုတ်ခမ်းလေးမဲ့ကျမိသည်။ကိုကိုကသူ့ကိုအလိုမလိုက်ဘူး။

" တိမ်လွှာကလဲပင်လယ်စာနဲ့မတည့်ရင်မာလာရှမ်းကောစားလေ မင်းကိုကိုကမင်းကိုစိတ်ပူလို့ပြောတာနေမှာပေါ့လို့..."

" ဟင့်...ဟုတ်ပါဝူး ကိုကိုကငါ့ကိုမချစ်ပါဘူး ဟွန့်..."

   လက်ကလေးပိုက်လို့နှုတ်ခမ်းလေးဆူကာနေရာကနေထွက်သွားသူနောက်ကိုစိုင်းစစ်သက်ပြင်းတစ်ချက်ချလို့လိုက်ရလေသည်။သွေးနဲ့စစ်ဂုဏ်ရတော့သူများအတွဲအချစ်ကိုစမ်းလိုက်ရတော့ပြုံးစိစိနဲ့။

" သည်းငယ်..."

" ပါးစပ်ပိတ်ထား!! "

" သည်းငယ်ကိုကိုကစိတ်ပူလို့ပါကွာ...စိတ်မဆိုးပါနဲ့..."

" ပုစွန်မထည့်ခိုင်းရင်ရတာဘဲကို သူများကိုမကျွေးချင်လို့မသိဘူးများထင်နေလား ကိုကိုကမချစ်ဘူး အီးဟီးးး "

ငယ်သူမို့....ဆိုး ( completed ) Where stories live. Discover now