Part9

35.6K 2.1K 149
                                    

Uni

၃ရက်လောက်ကြာတော့တိမ်လွှာနေကောင်းစပြုလာလေပြီ။သို့ပေမဲ့ကိုကိုကကျောင်းမသွားခိုင်းသေးဘဲကျောင်းကစာတွေကိုတိမ်လွှာ့အတန်းကစာတော်တဲ့လူဆီကနေကိုကိုကိုယ်တိုင်သွားငှားပေးလို့သူ့ရဲ့ဘော်ဒီဂတ်နှစ်ယောက်အားစာတွေကူးခိုင်းလေသည်။

တိမ်လွှာကတော့အေးအေးလူလူသာကိုကိုဝယ်ပေးတဲ့အရုပ်တွေနဲ့ဆော့နေလို့။တစ်နေ့တစ်နေ့အရုပ်တွေဝယ်ပေးလိုက်တာLegoတွေအမွှေးပွရုပ်တွေ...အခုဆိုတိမ်လွှာအခန်းတစ်ခုလုံးကအရုပ်တွေဖြင့်ပြည့်ကျပ်နေတာအိပ်စရာတောင်ရှိပါတော့မလားမသိ။

နေမကောင်းတဲ့ရက်ပိုင်းတွေမှာကိုကိုကသူ့ကိုခေါ်အိပ်တာမို့အရင်အခန်းကိုမပြန်တာအနည်းငယ်ကြာလေပြီ။

" ကိုကိုကဘယ်သွားတာလဲဟင်..."

" ဘောစ့်ကအကိုလေးစားဖို့ဆိုပြီးမာလာရှမ်းကောနဲ့ဘာဘယ်တီးသွားဝယ်ပါတယ်ဗျ။ "

အာကာအပြောကြောင့်တိမ်လွှာသက်ပြင်းသာချမိသည်။ကိုကိုလဲသူနေမကောင်းမှဘဲအလုပ်ကိုရှုပ်နေတာဟိုဟာစားချင်လဲပြေးသွားဝယ်ဒီဟာလိုချင်လဲပြေးသွားဝယ်နဲ့...ဒီလိုကျသူ့ယောကျာ်းကျနေတာဘဲဟီးဟီးးးး

" ခြံထဲခနဆင်းလိုက်အုံးမယ်နော်..."

ဝက်ဝံရုပ်အသေးလေးအားဆွဲလို့တိုးတိုးမျှသာဆိုရင်းခြံထဲကိုဆင်းလာမိသည်။ဒီလိုအချိန်ဆိုပါးပါးကိုသိပ်လွမ်းတာဘဲ...ပါးပါးကသူ့ဆီကိုဖုန်းလေးတစ်ချက်မှမဆက်ဘဲကိုကို့ကိုသာဆက်သည်လို့ကြားသည်။ဘာလို့များလဲ အလုပ်တွေများနေလို့များသူ့ကိုမေ့နေသည်လား။

" ပါးပါးကငါ့ကိုမချစ်တော့ဘူး။ "

" ဘယ်သူကမချစ်တာ..."

ဘေးကိုတိုးတိုးလေးရောက်လာကာနားနားလာကပ်ပြောလာတဲ့တစ်စုံတစ်ယောက်ကြောင့်တိမ်လွှာလန့်သွားသည်။

" အပြင်မှာလေစိမ်းတွေတိုက်တယ်လေ ဘာလို့အပြင်ကိုထွက်လာတာလဲ။ "

ဆံပင်လေးတွေကိုဖွပေးရင်ဆိုလာတဲ့ကိုကို့ကြောင့်ဝမ်းနည်းနေတဲ့တိမ်လွှာရဲ့ဂျီကျချင်တဲ့စိတ်ကအတိုင်းမသိ။ကလေးမို့ကလေးလိုဖြစ်နေတာလားလို့ပြောလဲမတက်နိုင်ဘူး သူကအမြဲဂျီကျချင်နေတာပင်။

ငယ်သူမို့....ဆိုး ( completed ) Where stories live. Discover now