Part11

32.2K 1.8K 69
                                    

Uni

အချိန်ကြာအောင်ကားပေါ်မှာချော့အပြီးတိမ်လွှာ့အားစိုင်းစစ်စားသောက်ဆိုင်တစ်ဆိုင်ရှိရာကိုခေါ်လာလိုက်သည်။လက်ကဒဏ်ရာကမသက်သာသေးတာတောင်တညလောက်ညစာမစားဘဲနေလိုက်သူဟာပျော့တိပျော့ဖတ်ဖြင့်။ဒါသူ့အပြစ်ကင်းတာမှမဟုတ်တာ...အရင်တစ်ခေါက်နေမကောင်းကတည်းကဒေါက်တာကစိတ်ကျတဲ့ပုံမို့ဂရုစိုက်ပေးဖို့ပြောခဲ့သော်လည်းစိုင်းစစ်ရဲ့ဒေါသတွေကသာရှေ့တန်းမို့ကလေးငယ်အားခနခနနာကျင်အောင်လုပ်နေမိသည်။

" ဒီနေ့နေ့တစ်ဝက်ကျောင်းနားလိုက်ပြီဆိုတော့ ဘယ်သွားချင်လဲ..."

စားပွဲပေါ်ကကော်ဖီအားတစ်ငုံသောက်ရင်းမေးလိုက်တော့ထမင်းပေါင်းစားရင်းမျက်လုံးဝိုင်းဝိုင်းလေးတွေဖြင့်ခေါင်းမော့ကြည့်လာသူ။

" အားလားဟင်!! "

" အင်း ဘယ်သွားချင်လို့လဲ..."

ဘယ်သွားမယ်ဘာညာအရင်မပြောဘဲအားလားဟင်လို့မေးကာမအားရင်မသွားဘူးအားရင်တောင်သွားခွင့်ပြုမယ်ဆိုသွားမည်ဆိုတဲ့သဘောဖြင့်ကလေးငယ်ဟာသိပ်ကိုလိမ်မာတဲ့ကြောင်ဆိုးလေး။

" ကစားကွင်းသွားချင်တာကြာပြီ..."

" အင်းပြီးတော့ရော..."

" လျှောက်လည်ချင်တယ်....ကိုကိုနဲ့!! "

ပန်းကန်ထဲကထမင်းကြော်တွေကိုဇွန်းဖြင့်မွှေရင်းဆိုလာတဲ့ကလေးငယ်ဟာရိုးရိုးသားသားဖြေဆိုလာသည်ကားကိုကိုမှမလိုက်ရင်မသွားတော့ဘူးဆိုတဲ့ပုံဖြင့်။

" အင်း...အလုပ်အားတာနဲ့သွားကြတာပေါ့ "

ဒီစကားကိုသာစာရင်းပုံထဲကအာကာနဲ့ဖြိုးပိုင်ကြားရင်မျက်နှာတွေရှုံ့မဲ့သွားမည်မှာအမှန်ပင်။တကယ်တော့သူအလုပ်မအားပါ ဒါပေမဲ့ကလေးငယ်ကိုဒီနေ့တော့ရအောင်ချော့ရမည်ဆိုတဲ့အတွေးဖြင့်အလုပ်တွေကောအစည်းအဝေးတွေကိုကောဖျက်ချလိုက်ကာကျန်လုပ်ငန်းတွေကိုအာကာနဲ့ဖြိုးပိုင်ကိုလုပ်ခိုင်းတာမို့သူ့မှာဘာမှလုပ်စရာမရှိ။

ငယ်သူမို့....ဆိုး ( completed ) Where stories live. Discover now