Part14

29.9K 1.7K 164
                                    

 Uni

  ပွဲအပြန်ပင်ပန်းလွန်သွားတဲ့ကလေးငယ်ဟာစိုင်းစစ်ရဲ့ပုခုံးလေးပေါ်ခေါင်းတင်လို့အိပ်စက်နေလေသည်။

" ဘောစ့် အကိုလေးကိုဘယ်လောက်ချစ်လဲဟင် "

" ပြောစရာလိုလို့လား ဟမ်!! ငါ့ဘာငါဘယ်လောက်ချစ်ချစ်ပေါ့..."

" ဘောစ်ကလဲဗျာ ကျွန်တော်တို့အချစ်အကြောင်းနားမလည်ပေမဲ့ချစ်ရင်တော့ဖွင့်ပြောသင့်တယ်နော်...အခုအခြေအနေကအကိုလေးဘက်ကဘဲဖွင့်ပြောထားတာမှတ်လား...ပြီးတော့ကျွန်တော်တို့ခန့်မှန်းသလောက်ဆိုဦးထွန်းရဲ့သားသွန်းမောင်ကအကိုလေးကိုသဘောကျနေသလိုဘဲနော်..."

   ဖြိုးပိုင်အပြောကိုကားမောင်းရင်းအာကာကခေါင်းတငြိမ့်ငြိမ့်ဖြင့်ထောက်ခံလာတာကြောင့်စိုင်းစစ်ခနတွေဝေသွားကာသူ့ပုခုံးပေါ်ကကလေးငယ်ကိုတစ်ချက်ကြည့်မိသည်။သူတို့လုပ်မှဘဲစိုင်းစစ်မှာသောကရောက်ရပြန်သည်။

" ကလေးငယ်ကငါ့ကိုဘဲချစ်တာ...သူငါကလွဲပြီးတစ်ခြားဘယ်သူ့ကိုမှမချစ်ရဘူး "

" ဟင်းးးချစ်ရင်လဲဖွင့်ပြောလိုက်ပါတော့လားဘောစ့်ရယ်..."

  သူများတွေဘာလို့စိုင်းစစ်ကိုမဖွင့်ပြောတာလဲထင်ချင်ထင်လိမ့်မယ်။စိုင်းစစ်ဒါကိုခေါင်းထဲမထည့်မိပါ။သူကလေးငယ်ကိုအခွင့်အလမ်းတွေပေးချင်သေးတယ် သူ့ဘဝသူထူထောင်စေချင်သေးတယ်။ဒီလိုသူ့ကိုကပ်ပြီးဂျီကျနေမဲ့အစား ပစ္စည်း တစ်ခုကိုဝယ်ရဲတဲ့အထိဖြစ်စေချင်သေးတယ်...ပြီးတော့ကျောင်းတစ်ဝက်တစ်ပျက်နဲ့အချစ်ရေးကိုစိတ်ဝင်စားသွားမှာကိုလဲမလိုလား။ဒါကြောင့်သူအချိန်အခါကိုစောင့်နေရခြင်းပင်။

   ကိုယ်တစ်နေ့တော့မင်းကိုအဲ့စကားနှစ်လုံးကိုရအောင်ပြောမှာမို့ခနလေးဘဲစောင့်ပေးပါကွာ.....

                ===============

" အင်းးး "

  အခန်းထဲဝင်လာတဲ့နေရောင်ခြည်ကြောင့်တိမ်လွှာညဥ်းသံနဲ့အတူကုတင်ပေါ်မှာပက်ချာလည်နေမိသည်။မနက်စောစောထရင်စိတ်ကြည်တယ်တဲ့ အိုခေ ငါကတော့စိတ်ညစ်နေပြီ။

ငယ်သူမို့....ဆိုး ( completed ) Where stories live. Discover now