Part19

29K 1.6K 115
                                    

Uni

တိမ်လွှာတစ်နေကုန်စာလုပ်အပြီးညဘက်ကိုကိုနဲ့ပါတီတစ်ခုသွားရန်ပြင်ဆင်ရလေသည်။ရေမိုးချိုးအပြီးရေချိုးခန်းထဲကအထွက်တိမ်လွှာခင်မျာရေချိုးခန်းရှေ့မှာမတ်တပ်ကြီးစောင့်နေသူကြောင့်လန့်ဖြန့်သွားကာအမြန်ရင်ဘတ်ကိုမျက်နှာသုတ်ပါဝါဖြင့်အုပ်လိုက်ရလေသည်။

" ကိုကို!! "

" ပွဲအတွက်အကျီလာပေးတာ ကြာလိုက်တာရေစိမ်နေတာလား ဒါမှမဟုတ်မင်းရေချိုးခန်းထဲမှာပင်လယ်ကြီးရှိနေတာလား..."

" မ...မဟုတ်ပါဘူး ပေးသွားဝတ်လိုက်မယ်.."

ကိုကို့လက်ထဲကအကျီဘူးလေးအားတိမ်လွှာဆွဲယူလို့ရေချိုးခန်းထဲကိုသာပြန်ဝင်လာလိုက်ရသည်။မောင်းထုတ်ရင်လဲအခန်းထဲကထွက်မှာမဟုတ်သူကိုတိမ်လွှာလေကုန်မခံချင်။

ဘူးလေးထဲကအကျီကိုထုတ်ဝတ်လိုက်တော့အကျီကအတော်ကသီကသောက်ဆန်လှသည်။အဖြူရောင်ဖဲသားလက်ရှည်ကိုမှရင်ဟိုက်မို့တိမ်လွှာ့ရဲ့ဖြူဖွေးလှတဲ့လည်ပင်းသားတွေဟာထင်းလို့။

" အင်းးးး ချီးထဲမှာဘာလို့ယောကျာ်းအကျီမှာနောက်ကျောဇစ်ပါရတာလဲလို့...."

လက်ကမရှည်တော့နောက်ကျောထိဇစ်အားဆွဲတင်ဖို့အဆင်မပြေတာကြောင့်တိမ်လွှာမှာရေချိုးခန်းထဲကနေကိုကို့ဆီကိုပြေးထွက်လာရလေသည်။

" ဘာလို့ဇစ်ကြီးနဲ့အကျီကိုရွေးကတာလဲ...တပ်လို့မရတော့ဘူး..."

" ဇစ်ပါတော့ဘာဖြစ်လဲ လှတာရွေးတာဘဲကို...ဒီလာခဲ့တပ်ပေးမယ်။ "

ကုတင်ပေါ်မှာထိုင်နေတဲ့စိုင်းစစ်အားနှုတ်ခမ်းလေးဆူလို့ရန်လာရှာသူလေးကိုခပ်ပြုံးပြုံးသာပြောလို့အနားခေါ်လိုက်ကာကိုယ့်ကိုလှည့်ခိုင်းလိုက်တော့ဇစ်မတက်ကတဲ့နောက်ကျောပြင်ဟာအဖွေးသား။

" အဖြူလေးနဲ့လှလိုက်တာ... "

" ကျွန်တော်မိန်းကလေးမဟုတ်ဖူးနော် ဘာကိုလှတာလဲ..."

ဇစ်တက်ရင်းလှတယ်ပြောလိုက်တော့အတင်းကိုရန်လာတွေ့သူလေးဟာတကယ့်ချစ်စရာအတိ။ဇစ်တက်ပြီးနောက်အကျီနဲ့အတူပါလာတဲ့ဇာအဖြူရောင်လည်စီးလေးလေးအားလည်ပင်းလေးမှာဖဲပြားလေးပုံလုပ်ပေးလို့ချည်နှောင်ပေးလိုက်သည်။အခုဆိုကလေးငယ်ကတော်တော့်ကိုကြည့်လို့ရှု့လို့ကောင်းပြီးလှပါတယ်ဆိုတဲ့မိန်းကလေးတွေတောင်အရှုံးပေးသွားရလိမ့်မည်။

ငယ်သူမို့....ဆိုး ( completed ) Where stories live. Discover now