Part22

26.2K 1.5K 121
                                    

" ကျောင်းမှာဂရုစိုက်နော် မတည့်တာတွေမစားနဲ့ဟုတ်ပြီလား..."

" ဟုတ်ကဲ့..."

" ကိုယ်ကျောင်းထဲလိုက်လာဖို့လိုလားသည်းငယ်..."

" မလုပ်ပါနဲ့....ကျွန်တော်အနေမကျပ်ချင်ဘူး!! "

ဒေါ်နီနီလာရှုပ်မှာကိုစိတ်ပူနေတဲ့စိုင်းစစ်ကကျောင်းအုပ်နဲ့တွေ့ကာသည်းငယ်ရဲ့လုံခြုံရေးအတွက်ပြောပေးချင်ပေမဲ့ငြင်းဆိုလာသူကြောင့်ခေါင်းသာငြိမ့်မိသည်။

" ဒါဆိုကိုယ်သွားတော့မယ်..."

" ခ..ခနလေး... "

ကားဘေးနားကိုတိုးလာကာလက်ညိုးလေးဖြင့်အရှေ့တိုးရန်ပြောလာသူကြောင့်စိုင်းစစ်ကားပြတင်းပေါက်ကနေခေါင်းလေးထုတ်ပေးလိုက်တော့နှုတ်ခမ်းကိုဖျက်ခနဲနမ်းသွားသူလေး။

အိခနဲပါလာတဲ့သူ့နှုတ်ခမ်းလေးကစတော်ဘယ်ရီအရသာလေးလိုလို...ဘာလိုလိုနဲ့ချိုမြမြလေး။အမြဲတမ်းမင်းနှုတ်ခမ်းတွေကိုနမ်းလို့ရရင်ကောင်းမယ်...

" ဟီးးးသွားပြီနော်...ကားကိုဂရုစိုက်မောင်းအုံး "

" မင်းကိုယ့်စိတ်တွေကိုယောက်ယက်ခတ်အောင်လုပ်သွားမှတော့ကားမောင်းနိုင်ပါ့အုံးမလားပြော..."

" ဒါဆိုဆေးရုံကိုသာမောင်းသွားတော့ နောက်ကျနေပြီတာ့တာ..."

" အေးပါကွာ စာကြိုးစားသည်းငယ်..."

" ဟုတ်ကဲ့..."

တိမ်လွှာကျောင်းဝန်းထဲကိုအမြန်ပြေးဝင်လာမိတာအမှန်။သူ့သူငယ်ချင်းနှစ်ယောက်ကို ကိုကိုနဲ့ဘယ်ညာဖြစ်ခဲ့ကြောင်းဖောက်သည်ချရမည်။ဟောတွေ့ပါပြီ အတန်းထဲမှာဆရာမမရောက်သေးလို့ချစ်ချစ်တူးတစ်တစ်တူးနေကြတာ။

" ဟေးးး...မဂ်လာသတင်းလေးပြောစရာရှိတယ်..."

" ဘာလဲသားလေးလားသမီးလေးလား အက်ထရာစောင်းကောရိုက်ပြီးပြီလား..."

" အင်းးးသေနာလေး ဘာတွေလျှောက်ပြောနေတာလဲ ပါးဆွဲရိုက်ပစ်လိုက်မယ်..."

အတည်ပြောမလို့ကိုပြောင်စိစိနဲ့လာစသူမင်းထင်ကြောင့်ကျိမ်းမောင်းလိုက်တော့ဘေးကစေရာကပြုံးစိစိဖြင့်။.

ငယ်သူမို့....ဆိုး ( completed ) Where stories live. Discover now