1

32.1K 445 17
                                    

💘 Part - 1 💘
-------------------

"ဘာဖြစ်တာလဲ"

"ဆိုင်ကယ်လဲလာတာ ဆေးထည့်ပေးစမ်းပါ"

ခပ်ရင့်ရင့်တောင်းဆိုသံကြောင့် သံလွင် လှည့်ကြည့်မိတော့ ပီကေတဖောက်ဖောက်ဝါးနေသည့် မိန်းကလေးတစ်ယောက်။
ဖြောင့်စင်းသောဆံပင်တွေက ပန်းဆီရောင်ဟိုက်လိုက်တွေဖြင့် ငွေမှင်ရောင်တွေလည်းလက်နေကာ တော်တော်လှပါသည်။

လိုင်နာဆွဲထားသော မျက်လုံးတွေက ပြာလဲ့လဲ့လေးဖြစ်သလို ရှည်လျားကော့ညွတ်နေသည့်မျက်တောင်တွေ ဝန်းရံထားသည်။
နှာတံစင်းစင်းလေးသည် မျက်နှာရဲ့အလှကို ပံ့ပိုးပေးထားသလို ဖူးထွဋ်နေသောအနီရောင်နှုတ်ခမ်းလေးက Sexyဆန်ဆန်ညှို့ငင်နေသည်။

သူမကိုကြည့်ရတာ မြန်မာနဲ့လည်းမတူဘဲ foreignရုပ်ထွက်နေပေမယ့် မြန်မာစကားကိုတော့ ကျွမ်းကျင်ရေလည်စွာပြောတတ်သည်။
သို့သော် သိပ်လှသလို သိပ်ရိုင်းစိုင်းသောမိန်းကလေး...

"ဘာတွေခိုက်မိသွားသေးလဲ"

"နဖူးကွဲသွားတယ်ထင်တယ် ပြီးတော့ တံတောင်ဆစ် ဒူး"

သူမက မော့မကြည့်သေးဘဲ တံတောင်ကိုကွေးလိုက်၊ ဆန့်လိုက်လုပ်ရင်း ပီကေကိုလည်းအဝါးမပျက်။
နည်းနည်းလေးမှထောင့်မကျိုးသော ဒီပုံစံဟာ ဆိုင်ကယ်လဲလာသူဟု ထင်စရာမရှိအောင် မျက်လုံးထဲကန့်လန့်ဖြစ်နေ၏။

"အင်္ကျီလက်ရော ဘောင်းဘီပါခေါက်တင်ထားလိုက်ပါ ကျွန်တော်ဆေးထည့်ပေးပါ့မယ်"

သူမက ပီကေကိုဆက်ဝါးနေ၍ နာ့စ်ကိုမေးဆတ်ပြလိုက်ကာ ဒီဒဏ်ရာတွေဟာ မှုခင်းလည်းဖြစ်နိုင်၍ မှတ်တမ်းယူထားဖို့ အချက်ပြလိုက်ခြင်းဖြစ်သည်။

"နာမည်ဘယ်လိုခေါ်လဲရှင့်"

"နိုင်း"

ထူးဆန်းသောနာမည်လေးမို့ စိတ်ထဲမှတ်မှတ်ရရဖြစ်သွားကာ သူမ ထပ်ပြောမှ ပိုအံ့အားသင့်သွားမိသည်။

"ဒီနိုင်း"

"အသက်ကရော"

"၁၉"

တော်တော်ငယ်သေးသည်ပဲ..
စိတ်ထဲမှာတွေးပြီး အရက်ပြန်၊ ဂွမ်းနှင့် ဆေးပစ္စည်းတို့ကိုပြင်လိုက်ကာ သူမဘက်ကိုလှည့်လိုက်တော့ သူမက လူနာကုတင်မှာထိုင်နေဆဲ။
သူ့ကိုအခုမှသတိထားမိသလို တမော့တမောကြည့်ရင်း နဖူးကိုဆေးထည့်ပေးဖို့ ပြင်လိုက်သည့်အခါ သူမက မထင်မှတ်သော အပြုအမူကို ထလုပ်လိုက်၏။

EvermoreWhere stories live. Discover now