S-2 (3)

4.9K 239 18
                                    

💘 Season II Part - 3 💘

-------------

"သံလွင်မင်းခ ပြန်တော့မှာတဲ့"

နိုင်းလက်ကလေးကို ဆုပ်ကိုင်ရင်း သူမ ပြောတော့ ဝေလ်က ခြံထဲကမြက်ခင်းတစ်နေရာကို ခပ်စူးစူးကြည့်နေခဲ့ရင်း စကားပြန်မပြော။
နှုတ်ဆိတ်နေပေမယ့် အစ်ကို့ခေါင်းထဲ အကွက်ရွှေ့နေလောက်ပြီဟု ထင်မိကာ နိုင်းလက်ကလေးကို ပိုပြီးဖိဆုပ်ထားမိသည်။

အစ်ကို့ကိုလှည့်ကြည့်တော့ စောစောကလိုမလှုပ်မယှက်မို့ နိုင်းလက်ကလေးမှာ မောင်းကွင်းလေးပြန်စွပ်ပေးလိုက်သည်။
လက်စွပ်အပေါ်မှာ Platinumကို အလွှာလိုက်ထပ်အုပ်ကာ အသေအချာပြုပြင်ထားသည့်အပြင် စိန်တစ်လုံးပါတပ်ပေးထား၍ မောင်းကွင်းလေးမှန်းမသိသာတော့။
အတွင်းပိုင်းမှာပါသော Evermoreဆိုသည့်စာတမ်းလေးကလည်း ပျောက်ပျက်မသွားခဲ့၍ သံလွင်မင်းခရဲ့အမှတ်အသားဟာ နိုင်းလက်ပေါ်မှာရှိနေဦးမှာ အသေအချာ။

"မင်းတို့မနီးစပ်တော့ဘူးဆိုပေမယ့် အဲ့ဒါလေးတော့ရှိသင့်တယ်ထင်တယ် မင်းကသိပ်အစွဲအလမ်းကြီးတဲ့ကောင်မလေးဆိုတော့လေ"

ထိုအချိန် အစ်ကို့ဆီက လှုပ်ရှားမှုမြင်လိုက်ရ၍ လှည့်ကြည့်မိသည့်အခါ အစ်ကိုက ဖုန်းကိုထုတ်ပြီး တစ်နေရာရာကိုဆက်သွယ်နေ၏။

"ကျွန်တော်ပါ ဝီလီယံ"

"-----"

"အကူအညီတောင်းစရာရှိလို့ပါ ခင်ဗျားတို့ဆေးရုံက UKကိုလွှတ်လိုက်တဲ့ Dr.သံလွင်မင်းခ"

"-----"

"အဲ့ဒီကောင် UKကပြန်လာရင် မန္တလေးမှာချမပေးပါနဲ့ နည်းနည်းရှုပ်ပြီး အသက်ရှူချိန်မရလောက်အောင် အလုပ်ရှုပ်ရတဲ့နယ်မြေဘက်မှာပဲ ချပေးလိုက်ပါ"

"ရှမ်းပြည်ဘက်ချလိုက်မယ် အဲ့ဒီဘက်မှာ လက်နက်ကုန်သည်တွေ ခြေချင်းလိမ်နေတော့ လူနာသိပ်များတယ်"

"ရတယ် အဓိကက မန္တလေးမှာမရှိဖို့ပဲ"

တစ်ဖက်က ဆေးရုံအုပ်ကြီးဖုန်းချသွားသည့်အခါ မြန်မာပြည်ကရှေ့နေဆီကို ဖုန်းဆက်ပြီး ထိုဆေးရုံကို သိန်းတစ်ထောင်လှူခိုင်းလိုက်သည်။
ဒီအချိန်မှာ သူမနဲ့သံလွင်မင်းခရဲ့ အမှတ်တရတွေကို ဖျက်ဆီးပစ်ချင်နေပြီမို့ ဒီနှစ်ယောက်ကို တစ်သက်လုံးပြန်မတွေ့စေချင်။

EvermoreWhere stories live. Discover now