17

5.3K 240 10
                                    

💘 Part - 17 💘
-------------

နာရီကိုတစ်ချက်ကြည့်မိတော့ ၁၀နာရီထိုးခါနီးပြီမို့ ဝရံတာကနေ အပေါ်ထပ်ကို မသိမသာလှမ်းကြည့်မိသည်။
အပေါ်ထပ်သည် မှောင်မဲနေကာ မီးရောင်ဖျဖျလေးတောင်မမြင်ရ၍ စိတ်ထဲကြိတ်ဒေါသဖြစ်နေမိကာ ဖုန်းကိုလှမ်းယူလိုက်သည်။
ဟိုဆရာဝန်နဲ့သွားတွေ့တာလား၊ ဒါမှမဟုတ် အိမ်ထဲမှာပဲ အခန်းအောင်းပြီးပုန်းနေပြန်သလား...

"ဘယ်ရောက်နေတာလဲ"

"မြို့သစ်ထဲမှာပါ"

ဒရိုက်ဘာရဲ့အဖြေကြောင့် မျက်မှောင်ကုပ်သွားမိကာ မြို့သစ်မှာ ဒီနိုင်းဘာလုပ်နေသလဲဆိုသည့် မေးခွန်းကဆက်တိုက်။
Yamahaမစီးချင်တော့သည့် အကြောင်းပြချက်ဖြင့် ရောင်းပစ်လိုက်သော နိုင်းအတွက် ကားတစ်စီးစီစဥ်ပေးထား၍ အခုနောက်ပိုင်း ထိုမိန်းကလေးကို ခြေရာခံရ လွယ်ကူလာခဲ့သည်။
သူမ ဘယ်ရောက်နေသလဲသိချင်လျှင် ဒရိုက်ဘာကိုဖုန်းဆက်လိုက်ရုံသာ...

"ဟိုဆရာဝန်နဲ့တွေ့နေတာလား"

"ဟုတ်ပါတယ် သူဌေး ညစာအတူတူစားနေတာပါ"

ထိုစကားကြောင့် စိတ်ထဲအလိုမကျဖြစ်သွားကာ ဖုန်းကိုလွှင့်ပစ်မိတော့မတတ် စိတ်တိုသွားမိ၏။
ဒရိုက်ဘာ၏အသံကိုလည်း မကြားတော့ဘဲ ဝရံတာလက်ရမ်းကို ကိုင်ထားသည့် လက်ဖဝါးတစ်ဖက်ကိုဖြန့်ကြည့်ရင်း သူ့စိတ်တွေ ပိုလေးလံလာခဲ့သည်။
သူ ဘာဖြစ်နေတာလဲ...

"ပြန်လာပြီ သူဌေး"

"ဒီကိုပဲပြန်ခေါ်လာခဲ့တော့"

"ဟုတ်ကဲ့"

💘💘💘💘💘💘

ဂဏှာမငြိမ်ဖြစ်နေသော ကိုကြီးကိုသတိထားမိနေသည်မှာ ကြာပြီဖြစ်သော်လည်း အလုပ်ကိစ္စဟုထင်မိသောကြောင့် မသိမသာအကဲခတ်နေခဲ့သည်။
သို့သော် ဝရံတာကိုထွက်သွားပြီး အပေါ်ထပ်ကိုမော့ကြည့်နေကာ ဒီနိုင်းရဲ့ဒရိုက်ဘာကို ဖုန်းဆက်နေ၍ စိတ်ထဲတမျိုးဖြစ်သွားမိသည်။

ဟိုတစ်ရက်ကလို ဒီနိုင်းပုန်းနေမှာစိုးလို့ပဲဟု ဖြေတွေး တွေးလိုက်မိပေမယ့် ရင်ထဲပူလောက်နေမိသည့် စိုးထိတ်မှုဟာ ပျောက်ပျက်မသွား။
ကိုယ်ထင်သလို ဖြစ်လာခဲ့ပြီလား...

EvermoreWhere stories live. Discover now