11

5.3K 232 10
                                    

💘 Part - 11 💘
-------------

ညစာစားပွဲမှာ နေရာယူတော့ ပါပါးက စားပွဲရဲ့ထိပ်ဆုံးမှာဖြစ်ကာ မာမားနဲ့ ဒီနွေက ကပ်လျက်ရှိသည်။
နိုင်းနဲ့ဒါလင်က တစ်ဖက်မှာအတူထိုင်ရပြီး ပါပါးနဲ့မျက်နှာချင်းဆိုင် တစ်ဖက်စားပွဲထိပ်မှာတော့ ဒီရေ…

ဒါလင့်ရဲ့ခြိမ်းခြောက်စကားကြောင့် ဒီရေ့ကိုပြန်ခေါ်ဖြစ်ပေမယ့် စိတ်ထဲကသိပ်မပါ၍ ဟုတ်တိပတ်တိ စကားမပြောဖြစ်။
ထမင်းကိုစားနေပေမယ့် ဟင်းပေါင်းစုံနေသော ဒီထမင်းဝိုင်းကြီးအစား ဆေးနံ့သင်းသော အခန်းကျဥ်းလေးထဲက ထမင်းချိုင့်လေးကို မျက်လုံးထဲပြန်မြင်မိသည်။

"ဖြည်းဖြည်းစားလေ"

ဆိုသည့် ဂရုစိုက်ခြင်းဖြင့် ဆီတွေပေနေသော နိုင်းနှုတ်ခမ်းတွေကို တစ်ရှူးနှင့်သုတ်ပေးခဲ့သူ။
နိုင်းကိုထမင်းခွံ့ကျွေးသလို နိုင်းအတွက် ရေကအစ ထည့်ပေးထားသူ။
မှန်ရာပြောရရင် သံလွင့်လိုမျိုး နိုင်းကို ထိုသို့အရိပ်တကြည့်ကြည့်ဂရုစိုက်မည့်သူ မရှိခဲ့ပါ…

"ဟဲ့.. ထမင်းစားရင် ဘေးကိုမဖိတ်စေနဲ့"

"မာမား သမီးလည်းစားချင်တယ်"

"နင့်အဖေ အလုပ်မအားဘူး ကိုယ့်ဘာသာစားလေ ဒီမှာ ညည်းညီမနဲ့မောင်ကို ခွံ့နေတာမမြင်ဘူးလား"

ထိုအချိန်က သိပ်နားမလည်ခဲ့သည့် မြန်မာစကားဟာ အရွယ်ရောက်တော့ နားလည်ခဲ့ပြီမို့ အလုပ်ရှုပ်တတ်သောပါပါးနှင့် နိုင်းအပေါ်မကြင်နာသည့်မာမားကို အပြစ်မတင်ချင်တော့။
ဘယ်မှာရှိနေသလဲမသိသော အီဂျစ်ပြည်နှင့် ဘယ်ရောက်သွားပြီလဲမသိသော နိုင်းရဲ့မာမားကိုသာ ကြိတ်လွမ်းရင်း နေသားကျခဲ့၏။
ပြည့်စုံချမ်းသာသည်၊ ငွေကို ရေလိုသုံးဖြုန်းနိုင်သည်ဆိုပေမယ့် နိုင်းလိုအပ်နေခဲ့တာက ငွေမှမဟုတ်ဘဲ…

"တိတ်လှချေလား ဒီနိုင်း စားမကောင်းလို့လား"

"နိုင်းမဆာလို့ပါ"

ပါပါး၏စကားကို မော့မကြည့်ဘဲဖြေလိုက်ကာ ဇွန်းကိုချပြီး လိမ္မော်ရည်ကို တစ်ကျိုက်မော့သောက်လိုက်သည်။
မရောက်တာကြာပြီဆိုပေမယ့် ဒီအိမ်ဟာ နိုင်းအတွက်အမြဲစိမ်းသက်နေခဲ့သလို အခုတော့ပိုပြီးစိမ်းသက်နေခဲ့ပြီ။

EvermoreWhere stories live. Discover now