14

5K 219 10
                                    

💘 Part - 14💘
-------------

"CCTVကတော့ရှိတယ် ညီမ ဒါပေမယ့် ၁၀ရက်တစ်ခါလောက် ဖျက်တာဆိုတော့ အာမ မခံနိုင်ဘူး"

ထိုမမစကားကြောင့် နိုင်းစိတ်ညစ်သွားမိကာ ရက်ကိုပြန်တွက်ကြည့်တော့ ၁၀ရက်ကျော်ခဲ့ပြီဟု ထင်မိသည်။
နိုင်းရဲ့နှုတ်ဆိတ်နေမှုကြောင့် ထိုမမက ဆံပင်တွေကို နားရွက်ကြားမှာညှပ်ရင်း အားနာသလိုပြုံးပြ၏။

"CCTV recordတွေထဲမှာဖျက်လိုက် ပေမယ့် Main memoryထဲမှာတော့ ကျန်ဦးမလားပဲ Seaနင်လုပ်တတ်လား"

"Mainမှာကျန်ရင်တော့ရတယ် တစ်ချက်ကြည့်ပေးမယ်"

ဒီကိုလာတိုင်း အမြဲအတူတွေ့ရတတ်သည့် ရုပ်ချင်းဆင်တူလှသည့်ထိုနှစ်ယောက်ကို နိုင်း မသိမသာလေး ငေးကြည့်မိသည်။
ထိုမမနာမည်ကို ကိုင်းဟုသိထားကာ ဒီဘက်ကလူကိုတော့ နိုင်းမသိပါဘဲ ဒီလောက်ထိထပ်တူကျနေမှတော့ ဒီလူက မမကိုင်းရဲ့အမွှာဖြစ်လောက်သည်။

"Mainထဲမှာတော့ ကျန်သေးတယ် ညီမ ဒါပေမယ့် အများကြီးဆိုတော့ ရှာရခက်နေတယ် ရက်စွဲသိလား ပိုမြန်အောင်"

Seaဆိုသည့်လူက လှည့်မေးလာတော့ နိုင်းတို့weddingပြီးကာစမို့ ရက်ပြန်တွက်ရတာလွယ်ကူသည်။
ရက်ကိုပြောလိုက်သည့်အခါ ထိုအစ်ကိုကရှာနေပုံရပြီး ကွန်ပျူတာကိုကြည့်ရင်း လက်ပိုက်ကာ ထိုင်နေ၏။

"ဘာပြဿနာဖြစ်လို့လဲ"

"နိုင်းကောင်လေး အစွပ်စွဲခံရလို့ပါ ကောင်မစုတ်က သူ့ဘာသာမနိုင်မနင်းဖြစ်လာပြီး နိုင်းကောင်လေးကို တာဝန်ယူခိုင်းနေလို့
အဲ့နေ့က ဒီကိုသူနဲ့အတူလာတဲ့ဘဲကို ရှာနေတာ"

"Aww"

သဘောကောင်းပုံရသည့်ထိုမမက ခေါင်းလေးညိတ်ကာ နိုင်းကိုဘာမှဆက်မပြောတော့ဘဲ လက်ပိုက်နေသည့်လူရဲ့ ထိုင်ခုံကျောဘက်မှာရပ်ကာ ဆံပင်တွေဆွဲဖွနေ၏။
သိပ်ချစ်ကြသည့်မောင်နှမမှန်း မြင်ရုံနှင့်သိသာစေသော အပြုအမူလေး...

"နားကပ် ဘယ်ရောက်သွားပြန်ပြီလဲ"

"အိမ်မှာကျန်နေခဲ့တာ မနေ့ညက နာနေလို့ ခဏချွတ်ထားလိုက်ရင်းနဲ့"

EvermoreWhere stories live. Discover now