S-2 (9)

5.3K 303 18
                                    

💘 Season II Part - 9 💘

-------------

ဆေးရုံကဆင်းခွင့်ရပြီမို့ နိုင်းပျော်နေမိကာ ဆေးနံ့တွေထဲ ပိတ်လှောင်နေရသည့်ဘဝမှ လွတ်လပ်ပြီဟု ခံစားမိသည်။
အိမ်ပြန်ဖို့အတွက် ဒီရေက privateလေယာဥ်စီစဥ်ပေးထား၍ နိုင်းတစ်ယောက်တည်း အေးအေးဆေးဆေးနေခွင့်ရကာ သူကတော့ Laptopတစ်လုံးနှင့် အလုပ်ရှုပ်နေ၏။
ဖုန်းတွေဖြေလိုက်၊ စာပို့လိုက်လုပ်နေသော ဒီရေဟာ ဆရာဝန်တစ်ယောက်ကိုလည်း ခေါ်လာခဲ့တာမို့ ဘာအတွက်လဲတော့ သေချာမသိ။

"ဒီရေ"

"အင်း"

"အိမ်က ဘယ်မှာလဲ"

"လောလောဆယ်တော့ တောင်ကြီးမှာနေရမယ် အဲ့ဒီမှာ နင့်အတွက်ဆရာဝန်လည်းရှိတယ်"

"ငါနေကောင်းနေပြီမလား ဘာလို့ဆရာဝန်လိုဦးမှာလဲ"

"လိုတာပေါ့ နင့်မှာကုစရာရှိသေးတယ် သွေးစစ်ရမယ် အတိတ်မေ့နေတာကိုစစ်ဆေးရမယ်"

နိုင်းကိုတစ်ချက်မှမကြည့်ပါဘဲ မေးသမျှဖြေနေကာ အလုပ်ကိုပဲဆက်တိုက်လုပ်နေ၍ ဆက်မမေးတော့ဘဲ နေလိုက်သည်။
ပျင်းလာသည့်အခါ နားကြပ်တပ်ပြီး သီချင်းနားထောင်လိုက်ကာ သီချင်းနားထောင်ရင်းနှင့် နိုင်းအိပ်ပျော်သွားခဲ့သည်။

လေယာဉ်ဘီးချသံကြားလိုက်မှ ပြန်နိုးလာခဲ့ကာ ပြတင်းပေါက်မှတစ်ဆင့်ကြည့်မိတော့ ဘယ်နေရာရောက်နေမှန်းမသိ။
ဒီရေနဲ့ Drayက စကားတွေပြောပြီး လေယာဥ်ပေါ်ကဆင်းသွားကာ ဒီရေ့လူတချို့က အောက်မှာကားကိုယ်စီဖြင့်စောင့်နေကြသည်။
ထိုလူတွေနှင့်စကားပြောပြီးမှ ဒီရေက လေယာဥ်ပေါ်ပြန်တက်လာပြီး နိုင်းကိုကျောပိုးဖို့ ဒူးထောက်ပေး၏။

"ငါတို့ငယ်ငယ်တုန်းကတော့ နင်ကကျောပိုးတာပေါ့"

နိုင်းမမှတ်မိတာမို့ ခေါင်းလေးညိတ်ပြလိုက်ကာ ဒီရေ့ကျောပေါ်ကတစ်ဆင့် အောက်မှာ စောင့်နေသောကားထဲ ရောက်လာခဲ့သည်။
ဒီရေက ထိုကားသော့ကိုလှမ်းယူကာ ဘာသာစကားတစ်မျိုးဖြင့် စကားတချို့လှမ်းပြောပြီး ကားပေါ်တက်ပြီး မောင်းထွက်လာခဲ့တော့ လေယာဥ်နှင့်ထိုလူတွေက အနောက်မှာကျန်နေခဲ့သည်။

EvermoreWhere stories live. Discover now