19

5.7K 254 11
                                    

💘 Part - 19 💘
-------------

"အရေးပေါ်လူနာ"

ဆိုသည့် EMကအသံကြားသည်နှင့် အားသည့်ဆရာဝန်က အပြေးအလွှားထွက်လာရတာက ထုံးစံဖြစ်နေပြီဖြစ်သည်။ (EM=Emergency Room-အရေးပေါ်ဌာန)
သူက ခြေဆစ်လွဲသည့်လူနာကို စစ်ဆေးနေတုန်း Emergencyလူနာအတွက် ဇေယျာတို့တွေ ထွက်ပြေးလာကြ၍ ကိုယ့်လူနာကိုပဲ ဆက်ကြည့်နေလိုက်သည်။

"အဆစ်လွဲရုံတင်မကလောက်ဘူး အဆစ်ပြန်တည့်ပေးထားတာတောင် အရောင်မကျသေးရင် အရွတ်ကွာသွားတာဖြစ်လောက်တယ် အရိုးဆရာဝန်နဲ့သွားပြစေချင်တယ်"

"ရပါတယ် ဆရာအဆင်ပြေသလိုသာ စီမံပေးပါ"

လူနာကခေါင်းညိတ်နေ၍ OSဆီသွားဖို့ လမ်းညွှန်ပေးလိုက်ကာ ဆေးမှတ်တမ်းတွေကို ဖြည့်စွက်ပေးလိုက်သည်။
(OS=orthopedics surgery အရိုးဆရာဝန်)

"အဲ့ဒါအသာထားဦး သံလွင် မင်းနာမည်နဲ့ 7လွှာကခေါ်နေတယ်"

"အပေါ်ထပ်က ဘာဖြစ်လို့လဲ"

"ဘယ်သိမလဲ သွားလိုက်ဦးကွာ"

ပုံမှန်ဆို သူတို့ GSတွေဟာ အပေါ်ထပ်ကိုသွားရလေ့မရှိပါဘဲ ဒီဆေးရုံဟာGS, CS, OSအစရှိသဖြင့် ဆရာဝန်တွေကို အထပ်အလိုက်ခွဲခြားထားခြင်းဖြစ်သည်။
အများအားဖြင့် GSတွေက ဆေးရုံအောက်ဆုံးထပ်မှာသာရှိပြီး Emergencyဌာနတစ်ခုလုံးဟာ GSရဲ့လက်အောက်မှာရှိ၏။

လူနာမှတ်တမ်းကို နာ့စ်ဆီလွှဲကာ အပေါ်ထပ် 7လွှာဆီကိုတက်လာခဲ့သည့်အခါ အပေါ်ထပ်မှာတော့ ဆေးရုံတက်ရသည့်လူနာတွေသာရှိ၍ GSဌာနလို လူသိပ်မရှုပ်။
7လွှာ၏တာဝန်ခံဆရာဝန်က ဓာတ်လှေကားအနားမှာစောင့်နေကာ သူ့ကိုတွေ့သည်နှင့် အနားကပ်လာကာ တီးတိုးပြောလာ၏။

"ကောင်မလေးတစ်ယောက် နဖူးအစပ်မှာ အတော်လေးကွဲထားတယ် မင်းချုပ်ပေးရမယ်"

"ခင်ဗျားတို့တွေ လုပ်လို့မရလို့လား EMမှာလူနာတွေတအားများနေတာ သိရဲ့သားနဲ့ GSကိုမှတကူးတကလာခေါ်နေသေးတယ်"

"ဧည့်သည်က By nameနဲ့ခေါ်ခိုင်းတာကွ ငြင်းလို့မရဘူး ကြည့်ရတာ Caseက ရင်ထုပြီးလင်လုကြရင်း အဆော်ခံလိုက်ရတာထင်တယ် တိုးတိုးတိတ်တိတ်လာကုတာ"

EvermoreWhere stories live. Discover now